ပြည်တွင်းရွှေစျေး ၁ ရက် ၂ သိန်းနှုန်းဖြင့် ဆက်တိုက်ကျဆင်း
June 1, 2024 | No Comments
ဒီအပတ် တနင်္လာနေ့ထိ ၅၈ သိန်း ပတ်လည်မှာ ရှိနေခဲ့တဲ့ ပြည်တွင်းရွှေဟာ ကြာသပတေးနေ့ ညကစလို့ ဆက်တိုက် ကျဆင်းလာပြီး အရောင်းအဝယ် မသွက်သေးပေမယ့် ထပ်မံ ကျဦးမယ်လို့ စျေးကွက်တွင်း သတင်းတွေအရ သိရပါတယ်။
ယနေ့ ရွှေဈေး (ဇွန်လ ၁ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၂၇ ဒေါ်လာ
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၂၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၀၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
