တောင့်တင်းလွန်းတဲ့ ကွင်းလယ် ပိုင်ဆိုင်ခွင့်ကို လက်မလွှတ်ဖို့ ဆိုးရှားအား တိုက်တွန်း

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ပေါ့ဘာကိုသာ အသင်းကနေ ထွက်ခွာမသွားအောင် စည်းရုံးနိုင်ရင် ပြိုင်ဘက်တွေ ရပ်တန့်လို့ မရအောင် တောင့်တင်းလွန်းတဲ့ ကွင်းလယ် အခင်းအကျင်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ကြောင်း တင် ရှီးယားဝုဒ်က ယုံကြည်နေပါတယ်။

ပြင်သစ်သားကွင်းလယ်သမားဟာ ခြေကျင်းဝတ် ဒဏ်ရာကနေ သက်သာလာနေပြီ ဖြစ်ကာ နောက်အပတ်ထဲမှာ အသင်းနဲ့ အတူ ထရိန်နင်မှာ ပြန် ပါဝင်နိုင်တော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီက ယူနိုက်တက် ခေါ်ယူခဲ့တဲ့ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ရောက်ရောက်ချင်းပဲ ကလပ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်း တိုက်စစ်ကို ကောင်းစွာ ပုံဖော် ထိန်းကျောင်းနေခဲ့ပါတယ်။ တကယ်လို့သာ ပေါ့ဘာ ပြန်ကောင်းလာပြီး ဖာနန်ဒက်စ်နဲ့ တွဲဖက် ကစားကာ တော်မီနေးကို ၎င်းတို့ နှစ်ယောက်ကြား နေရာချလိုက်ရင် ယူနိုက်တက် ကွင်းလယ်ဟာ ပြိုင်ဘက်တွေ မယှဉ်သာအောင် တောင့်တင်းသွားမယ်လို့ တင် ရှီးယားဝုဒ်က ထောက်ပြသွားခဲ့ပါတယ်။

” ပေါ့ဘာ ဖာနန်ဒက်စ် နှစ်ယောက် အတွဲက လုံး၀ အလန်းစား ဖြစ်သွားမယ် ကျနေ်ာ ထင်တယ်။ ပေါ့ဘာလို ကစားသမားက ပြန် ကစားနိုင်ရင် သူ့ ပရော်ဖက်ရှင်နယ် ကို အထိခိုက် မခံဘဲ အရည်အချင်းကို သက်သေပြဖို့ ကစားပါလိမ့်မယ်။ နောက် နှစ်မှာ ရှိဖို့ မသေချာဘူး ဆိုရင်တောင် သူလို ထိပ်တန်း ကစားသမားက ဖြစ်သလို မကစားပါဘူး။

ပေါ့ဘာ ပြန် ကစားနိုင်ရင် အသင်းမှာ အစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကို ကြည့်ပြီး တက်ကြွလာလိမ့်မယ်။ သူတို့ နှစ်ယောက်ကို တွဲ ကစားစေပြီး တော်မီနေးကို အလယ်မှာ နေရာချလိုက်ရင် ရပ်တန့်လို့ မရတဲ့ ကွင်းလယ် ဖြစ်ပါပြီ။ နံပါတ် ၈ ကွင်းလယ် တိုက်စစ် နှစ်ယောက် ကြားမှာ နံပါတ် ၆ ကွင်းလယ် အထိုင် တစ်ယောက် ထည့်လိုက်သလိုပေါ့။ ရက်ဖို့ဒ်သာ ပြန်ကောင်းလာရင်တော့ ပွဲသိမ်းပြီ။ ” လို့ ၎င်းက သုံးသပ် ပြောကြားခဲ့ပါတယ်။

ပေါ့ဘာ နောက်ရာသီ ယူနိုက်တက်မှာ ဆက်ရှိဖို့က အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အနေအထားပေါ်လည်း မူတည်ဖွယ် ရှိပါတယ်။ ယူနိုက်တက်ဟာ လောလောဆယ် ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရှိနေပြီး နောက်က ဝုဗ်၊ စပါးနဲ့၊ ရှက်ဖီး ယူနိုက်တက်တို့ကလည်း ထိုနေရာ အတွက် တွန်းအားပေးနေကြပါတယ်။

ယူနိုက်တက်သာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အရယူပြီး ပေါ့ဘာကို ထိန်းထားနိုင်ခဲ့ရင် တင် ရှီးယားဝုဒ် သုံးသပ်ခဲ့သလို ပြိုင်ဘက်တွေ ရပ်တန့်ဖို့ ခက်တဲ့ ကွင်းလယ်ကောင်း နည်းပြ ဆိုးရှား ပိုင်ဆိုင်လာဖို့ ရှိနေပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ေပါ့ဘာကိုသာ အသင္းကေန ထြက္ခြာမသြားေအာင္ စည္းရံုးနုိင္ရင္ ျပိဳင္ဘက္ေတြ ရပ္တန္႔လို႔ မရေအာင္ ေတာင့္တင္းလြန္းတဲ့ ကြင္းလယ္ အခင္းအက်င္းကို ပိုင္ဆိုင္နုိင္မွာ ျဖစ္ေၾကာင္း တင္ ရွီးယား၀ုဒ္က ယံုၾကည္ေနပါတယ္။

ျပင္သစ္သားကြင္းလယ္သမားဟာ ေျခက်င္း၀တ္ ဒဏ္ရာကေန သက္သာလာေနျပီ ျဖစ္ကာ ေနာက္အပတ္ထဲမွာ အသင္းနဲ႕ အတူ ထရိန္နင္မွာ ျပန္ ပါ၀င္နုိင္ေတာ့မွာ ျဖစ္ပါတယ္။

ဇန္န၀ါရီက ယူနိုက္တက္ ေခၚယူခဲ့တဲ့ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ဟာ ေရာက္ေရာက္ခ်င္းပဲ ကလပ္အသင္းမွာ ေျခစြမ္းျပနုိင္ခဲ့ျပီး အသင္း တိုက္စစ္ကို ေကာင္းစြာ ပံုေဖာ္ ထိန္းေက်ာင္းေနခဲ့ပါတယ္။ တကယ္လို႔သာ ေပါ့ဘာ ျပန္ေကာင္းလာျပီး ဖာနန္ဒက္စ္နဲ႕ တြဲဖက္ ကစားကာ ေတာ္မီေနးကို ၄င္းတို႔ နွစ္ေယာက္ၾကား ေနရာခ်လိုက္ရင္ ယူနိုက္တက္ ကြင္းလယ္ဟာ ျပိဳင္ဘက္ေတြ မယွဥ္သာေအာင္ ေတာင့္တင္းသြားမယ္လုိ႔ တင္ ရွီးယား၀ုဒ္က ေထာက္ျပသြားခဲ့ပါတယ္။

” ေပါ့ဘာ ဖာနန္ဒက္စ္ နွစ္ေယာက္ အတြဲက လံုး၀ အလန္းစား ျဖစ္သြားမယ္ က်ေန္ာ ထင္တယ္။ ေပါ့ဘာလို ကစားသမားက ျပန္ ကစားနုိင္ရင္ သူ႔ ပေရာ္ဖက္ရွင္နယ္ ကို အထိခိုက္ မခံဘဲ အရည္အခ်င္းကို သက္ေသျပဖို႔ ကစားပါလိမ့္မယ္။ ေနာက္ နွစ္မွာ ရွိဖို႔ မေသခ်ာဘူး ဆိုရင္ေတာင္ သူလို ထိပ္တန္း ကစားသမားက ျဖစ္သလို မကစားပါဘူး။

ေပါ့ဘာ ျပန္ ကစားနုိင္ရင္ အသင္းမွာ အစြမ္းျပေနတဲ့ ဘရူနို ဖာနန္ဒက္စ္ကို ၾကည့္ျပီး တက္ၾကြလာလိမ့္မယ္။ သူတို႔ နွစ္ေယာက္ကို တြဲ ကစားေစျပီး ေတာ္မီေနးကို အလယ္မွာ ေနရာခ်လိုက္ရင္ ရပ္တန္႔လို႔ မရတဲ့ ကြင္းလယ္ ျဖစ္ပါျပီ။ နံပါတ္ ၈ ကြင္းလယ္ တုိက္စစ္ နွစ္ေယာက္ ၾကားမွာ နံပါတ္ ၆ ကြင္းလယ္ အထိုင္ တစ္ေယာက္ ထည့္လိုက္သလိုေပါ့။ ရက္ဖုိ႕ဒ္သာ ျပန္ေကာင္းလာရင္ေတာ့ ပြဲသိမ္းျပီ။ ” လို႔ ၄င္းက သံုးသပ္ ေျပာၾကားခဲ့ပါတယ္။

ေပါ့ဘာ ေနာက္ရာသီ ယူနုိက္တက္မွာ ဆက္ရွိဖို႔က အသင္းရဲ႕ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အေနအထားေပၚလည္း မူတည္ဖြယ္ ရွိပါတယ္။ ယူနိုက္တက္ဟာ ေလာေလာဆယ္ ပရီးမီးယားလိဂ္ အဆင့္ ၅ ေနရာမွာ ရွိေနျပီး ေနာက္က ၀ုဗ္၊ စပါးနဲ႕၊ ရွက္ဖီး ယူနုိက္တက္တို႔ကလည္း ထိုေနရာ အတြက္ တြန္းအားေပးေနၾကပါတယ္။

ယူနိုက္တက္သာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အရယူျပီး ေပါ့ဘာကို ထိန္းထားနုိင္ခဲ့ရင္ တင္ ရွီးယား၀ုဒ္ သံုးသပ္ခဲ့သလို ျပိဳင္ဘက္ေတြ ရပ္တန္႕ဖို႔ ခက္တဲ့ ကြငး္လယ္ေကာင္း နည္းျပ ဆိုးရွား ပိုင္ဆိုင္လာဖို႔ ရွိေနပါတယ္။