မိတ်ဆွေတွေ အများကြီး ရှိနေတဲ့ အသင်းဟောင်း စီးတီးကိုပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေချင်ခဲ့တာ ဆိုတဲ့ ပါလ်မာ

၂၀၂၃ – ၂၀၂၄ ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးကပဲ ၄နှစ်ဆက်တိုက် ဆွတ်ခူးသွားခဲ့ပြီ ဖြစ်ပါတယ်။

စီးတီး ကစားသမားဟောင်း ဖြစ်တဲ့ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာကတော့ သူ့ မိတ်ဆွေတွေ အများကြီး ရှိနေသေးတဲ့ မန်စီးတီး ချန်ပီယံ ဖြစ်စေချင်ခဲ့ကြောင်းကို The Sun နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံစကား ဆိုခဲ့ပါတယ်။

” ကျွန်တော် မန်စီးတီးကို ချန်ပီယံ ဖြစ်စေချင်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော့ မိတ်ဆွေတွေ အများကြီး ရှိနေတယ်လေ။

ဒီတော့ သူတို့ ဖလားရခဲ့တာကို ကျွန်တော် ဝမ်းမြောက်မိပါတယ်။ ဒါပေမယ့် ကျွန်တော် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာကိုတော့ နောင်တမရခဲ့ပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ်။

ပါလ်မာဟာ ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ သွားပြီးနောက် အသင်းသစ်မှာလည်း ခြေစွမ်းကောင်းတွေ ပြသကာ အဓိက အသင်းသား တစ်ဦး ဖြစ်လာခဲ့သူပါ။

အင်္ဂလန် အသင်းမှာလည်း ရွေးချယ်ခံထားရတဲ့ ပါလ်မာ က လာမယ့် ယူရို ၂၀၂၄ မှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ချန်ပီယံ ဖြစ်ဖို့ ပစ်မှတ်ထားနေကြောင်းလည်း ဆက်လက် ပြောဆိုခဲ့ပါတယ်။