မီးတောင်အပူချိန်နဲ့အသားကင်တဲ့ စပိန်ကအကင်ဆိုင်

အာဖရိကတိုက်၊ မော်ရိုကိုနိုင်ငံအနီး အတ္တလန်တိတ်သမုဒ္ဒရာအတွင်းရှိ စပိန်ပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Canary ကျွန်းစုက Timanfaya National Park အတွင်းမှာတည်ရှိတဲ့ El Diablo Restaurant ဆိုတဲ့အကင်ဆိုင်က လျှပ်စစ်မီးဖို၊ Gas မီးဖိုတွေမသုံးဘဲ မီးတောင်ရဲ့သဘာဝအပူဖြင့်သာ ချက်ပြုတ်တာကြောင့် နာမည်ကြီးပါတယ်။

ဒီမီးတောင်က ၁၈၂၄ ခုနှစ်မှာနောက်ဆုံးပေါက်ကွဲတာဖြစ်တာကြောင့် နှစ်ပေါင်း ၂၀၀ ရှိသွားပါပြီ။ တစ်ချိန်မှာပေါက်ကွဲနိုင်သေးတယ်ဆိုပေမယ့် ဂျပန်ကဖူဂျီတောင်လိုပဲ လတ်တလောအန္တရာယ်မရှိတဲ့ Dormant volcano မီးတောင်အမျိုးအစားဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀၀ ရှိသွားပြီဆိုပေမယ့် အပူထွက်နေဆဲဖြစ်တာကြောင့် ချော်ရည်တွေရဲ့အထက် ၆ ပေမှာ မီးဖိုလုပ်ထားပြီး ၄၅၀ ဒီဂရီပူတဲ့ သဘာဝအပူနဲ့သာချက်ပြုတ်ပါတယ်။ ဒီဆိုင်ကို ၁၉၇၀ တည်းကစတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဈေးနှုန်းကတော့ 3 course meal အတွက် ယူရို ၅၀ ကျသင့်ပါမယ်။ Review တွေအရ ပတ်ဝန်းကျင်ရှုခင်းတွေကတော့ လှပြီး အတွေ့အကြုံအသစ်တွေ ခံစားနိုင်မယ်ဆိုပေမယ့် အစားအသောက်တွေကမကောင်းဘူးလို့ဆိုပါတယ်။