အာဆင်နယ် ၂ နေရာ အားဖြည့်ရင် မန်စီးတီးကို ကျော်တက်တော့မယ်လို့ သုံးသပ်ချက်

ကာရေဂါ က အာဆင်နယ် အသင်း အနေနဲ့ လာမယ့် ရာသီ မှာ မန်စီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ကစားသမား နှစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း အကြံပေး ပြောကြား သွားခဲ့ပါတယ်။
မန်စီးတီးဟာ အာဆင်နယ်ကို ကျော်ပြီး ချန်ပီယံဖြစ်ခဲ့ပေမယ့် နောက်ဆုံး ၂ ရာသီမှာ ကွာဟချက်တွေ နည်းပါးလာနေပါတယ်။ ဂျေးဆုနဲ့ ဇင်ချန်ကိုတို့ကို ရောင်းချပေးခဲ့ခြင်းကလည်း အာဆင်နယ်ကို တောင့်တင်းလာစေတယ်။
” အာဆင်နယ် အသင်းအနေနဲ့ ကစားသမား နှစ်ဦး ခေါ်ယူဖို့ လိုအပ်ပါတယ် ။ သူတို့ ဘယ်နောက်ခံလူ တစ်ဦး နှင့် ထိပ်တန်း တိုက်စစ် ကစားသမား လိုအပ်တယ်လို့ မြင်ပါတယ်။ ဂိုးသွင်းနိုင်တဲ့ တောင်ပံ ကစားသမား တစ်ဦးပေါ့။
ပြဿနာ က မန်စီးတီး မှာက ဖိုဒန် ၊ ဒီဘရိုင်းနား ၊ ဟာလန်း တို့လို တစ်ဦးချင်း ထူးချွန်တဲ့ တိုက်စစ်ကစားသမားတွေ ရှိနေကြတာပါပဲ။
အာဆင်နယ်မှာက အဲ့ဒီလို သိပ်မရှိပါဘူး ၊ ဒါကြောင့် သူတို့ ထိပ်တန်း တိုက်စစ် ကစားသမား တစ်ဦး ခေါ်ဖို့ လိုအပ်တယ်လို့ ပြောတာပါ ။ ” လို့ ကာရေဂါက ပြောကြား သွားခဲ့ပါတယ် ။