ယူနိုက်တက်ရဲ့ ယုံကြည်မှုနဲ့ စာချုပ်ကိစ္စကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဘိုင်လီ
ယူနိုက်တက် ခံစစ်မှူး ဘိုင်လီက ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်ပြီး ကြံ့ခိုင်မှုကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေတာကြောင့် အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးလိုတယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ ဘိုင်လီ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ယုံကြည်မှုကောင်းတွေ ပေးခဲ့တာဖြစ်ပြီး သူ့ကို ၂၀၂၂ ခုနှစ်ထိ သက်တမ်းရှိမယ့် စာချုပ်သစ်ကို ပေးခဲ့တာဖြစ်တယ်။ ကလပ်ကပေးခဲ့တဲ့ ယုံကြည်မှုကို မမေ့ပါကြောင်းနဲ့ အခုလို ဒဏ်ရာကနေ ပြန်သက်သာလာချိန်မှာ ရာနှုန်းပြည့် ပေးဆပ်လိုပါကြောင်း ခံစစ်မှူးက ဆိုပါတယ်။
ဘိုင်လီက ပြောရာမှာ “ ကျနော်အတွက်တော့ အဲ့ကိစ္စက အရေးကြီးပါတယ်။ အဲ့အချိန်တုန်းက ကျနော်က ဒဏ်ရာကြောင့် ရုန်းကန်နေရတာဖြစ်ပြီး နာကျင်မှုတွေ ခံစားနေရချိန်ဖြစ်တယ်။ ကလပ်က ကျနေ်ာအပေါ် ကြီးမားတဲ့ ယုံကြည်မှုရှိခဲ့တာက သက်တမ်းတိုးဖို့ လုံလောက်ခဲ့ပါတယ်။
အဲ့တာကပဲ ကျနော်အတွက် ယူနိုက်တက် လူစာရင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေသေးတယ်လို့ ခံစားရစေခဲ့တယ်။ အဲ့သည် ယုံကြည်မှုအတွက် ကျနော် ပြန်လည် ပေးဆပ်လိုပြီး ကျနော်က အသင်းမှာ တစိတ်တပိုင်းအနေနဲ့လည်း ပါဝင်လိုပါတယ် ” လို့ ဖွင့်ဟခဲ့တယ်။
ယူနိုက်တက်နဲပ သက်တမ်းတိုးမှု မလုပ်ခင်မှာ စပါးနဲ့ အာဆင်နယ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးပေမယ့်လည်း အဲ့အချိန်တွေက ကုန်လွန်ခဲ့ပါပြီး ဘိုင်လီကတော့ ယူနိုက်တက်အတွက် အကောင်းဆုံး လုပ်ပြလိုစိတ်တွေ ရှိနေပါတယ်။
“ ယူနိုက်တက်အတွက် ဘယ်အချိန်မဆို ပွဲထွက်ကစားရပါစေ အကောင်းဆုံး ပေးဆပ်ကစားပါတယ်။ ဒဏ်ရာကနေ ပြန်သက်သာလာတာက ကျနော်ကို ခံစားမှုတွေ အရမ်းကောင်းစေတယ်။ မကစားနိုင်ခဲ့တဲ့ စက္ကန့်တိုင်းအတွက် ပြန်လည် လုပ်ဆောင်ပေးလိုပြီး အခုချိန်မှာတော့ ကျနော်က ရာနှုန်းပြည့် ကြံ့ခိုင်နေပါပြီ။ ဒါကို ကိုယ်ဘာသာ ခံစားမိနေပြီး အသင်းအတွက် ကိုယ်လုပ်နိုင်တာတွေကို ထပ်လုပ်ပြရမှာအတွက် အရမ်း စိတ်လှုပ်ရှားနေပါတယ် ” လို့ ဘိုင်လီက ဆက်လက် ပြောဆိုခဲ့ပါတယ်။
ZAWGYI
ယူႏုိက္တက္ ခံစစ္မွဴး ဘိုင္လီက ဒဏ္ရာကေန ျပန္သက္သာလာျပီျဖစ္ျပီး ၾကံ႔ခိုင္မႈကလည္း အေကာင္းဆံုး အေနအထားမွာ ရွိေနတာေၾကာင့္ အသင္းအတြက္ အစြမ္းကုန္ ၾကိဳးစားေပးလိုတယ္လို႔ ဆိုပါတယ္။
ယူႏုိက္တက္ဟာ ဘိုင္လီ ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ ယံုၾကည္မႈေကာင္းေတြ ေပးခဲ့တာျဖစ္ျပီး သူ႔ကို ၂၀၂၂ ခုႏွစ္ထိ သက္တမ္းရွိမယ့္ စာခ်ဳပ္သစ္ကို ေပးခဲ့တာျဖစ္တယ္။ ကလပ္ကေပးခဲ့တဲ့ ယံုၾကည္မႈကို မေမ့ပါေၾကာင္းနဲ႔ အခုလို ဒဏ္ရာကေန ျပန္သက္သာလာခ်ိန္မွာ ရာႏႈန္းျပည့္ ေပးဆပ္လိုပါေၾကာင္း ခံစစ္မွဴးက ဆိုပါတယ္။
ဘိုင္လီက ေျပာရာမွာ “ က်ေနာ္အတြက္ေတာ့ အဲ့ကိစၥက အေရးၾကီးပါတယ္။ အဲ့အခ်ိန္တုန္းက က်ေနာ္က ဒဏ္ရာေၾကာင့္ ရုန္းကန္ေနရတာျဖစ္ျပီး နာက်င္မႈေတြ ခံစားေနရခ်ိန္ျဖစ္တယ္။ ကလပ္က က်ေန္ာအေပၚ ၾကီးမားတဲ့ ယံုၾကည္မႈရွိခဲ့တာက သက္တမ္းတိုးဖို႔ လံုေလာက္ခဲ့ပါတယ္။
အဲ့တာကပဲ က်ေနာ္အတြက္ ယူႏုိက္တက္ လူစာရင္းမွာ အေရးပါတဲ့ အစိတ္အပိုင္းအျဖစ္ ပါဝင္ေနေသးတယ္လို႔ ခံစားရေစခဲ့တယ္။ အဲ့သည္ ယံုၾကည္မႈအတြက္ က်ေနာ္ ျပန္လည္ ေပးဆပ္လိုျပီး က်ေနာ္က အသင္းမွာ တစိတ္တပိုင္းအေနနဲ႔လည္း ပါဝင္လိုပါတယ္ ” လို႔ ဖြင့္ဟခဲ့တယ္။
ယူႏုိက္တက္နဲပ သက္တမ္းတိုးမႈ မလုပ္ခင္မွာ စပါးနဲ႔ အာဆင္နယ္တို႔က သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေသးေပမယ့္လည္း အဲ့အခ်ိန္ေတြက ကုန္လြန္ခဲ့ပါျပီး ဘိုင္လီကေတာ့ ယူႏုိက္တက္အတြက္ အေကာင္းဆံုး လုပ္ျပလိုစိတ္ေတြ ရွိေနပါတယ္။
“ ယူႏုိက္တက္အတြက္ ဘယ္အခ်ိန္မဆို ပြဲထြက္ကစားရပါေစ အေကာင္းဆံုး ေပးဆပ္ကစားပါတယ္။ ဒဏ္ရာကေန ျပန္သက္သာလာတာက က်ေနာ္ကို ခံစားမႈေတြ အရမ္းေကာင္းေစတယ္။ မကစားႏုိုင္ခဲ့တဲ့ စကၠန္႔တိုင္းအတြက္ ျပန္လည္ လုပ္ေဆာင္ေပးလိုျပီး အခုခ်ိန္မွာေတာ့ က်ေနာ္က ရာႏႈန္းျပည့္ ၾကံ႕ခိုင္ေနပါျပီ။ ဒါကို ကိုယ္ဘာသာ ခံစားမိေနျပီး အသင္းအတြက္ ကိုယ္လုပ္ႏုိင္တာေတြကို ထပ္လုပ္ျပရမွာအတြက္ အရမ္း စိတ္လႈပ္ရွားေနပါတယ္ ” လို႔ ဘိုင္လီက ဆက္လက္ ေျပာဆိုခဲ့ပါတယ္။