ဂရန့်နဲ့ ဘိုင်လီ စာချုပ်သစ်၊ ကူလီဘိုင်လေ၊ ဘယ်လယ်ဟန် ပစ်မှတ် အပါအဝင် ယူနိုက်တက် ညနေခင်းသတင်းများ
မန်ချက်စတာယူနိုက်တက်ဟာ အရန် ဂိုးသမား လီဂရန့်ကို နောက်ဘောလုံးရာသီ အကုန်အထိ တစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို လိုက်ပါတယ်။ ဂရန့်က လက်မောင်းဒဏ်ရာ ရထားတာဖြစ်ပြီး ဒီရာသီကုန် မတိုင်ခင် ပြန် ကစားနိုင်ဖို့ ရှိပါတယ်။
ဒေါ့မွန်က ဘာမင်ဂမ်စီးတီး လူငယ်ကြယ်ပွင့် ဘယ်လင်ဟန်ကို ယူရို ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ သတင်းများ ထွက်ပေါ်နေပေမယ့် ယူနိုကတက် ဘက်ကတော့ လက်မလျှော့ဘဲ ဒေါ့မွန်နဲ့ အပြိုင် ဆက်လက် ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားက အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကို ရာသီကုန်ရင် အသင်းက ဝယ်ယူဖြစ်ဖွယ် ရှိကြောင်း ထပ်မံ ပြောဆိုခဲ့ပါတယ်။ အစ်ဟာလိုကို တရုတ်စူပါလိဂ်ကလပ်ထံမှ ယူနိုက်တက်က ၆ လ အငှားနဲ့ ခေါ်ယူထားခဲ့တာပါ။
ယူနိုက်တက် ပစ်မှတ်ထားဖူးတဲ့ ခံစစ်မှူး ကူလီဘိုင်လေကို နာပိုလီက လာမယ့်နွေမှာ ရောင်းချသွားရန် စီစဉ်နေပြီး ဈေးနည်းတဲ့ ကမ်းလှမ်းမှုများ ကိုတော့ လက်ခံစဉ်းစားမှာ မဟုတ်ကြောင်း နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်စ်က ပြောကြားခဲ့ပါတယ်။
အသင်း ရေရှည် တည်ဆောက်ရေး အစီအစဉ်တွေအတွက် ရှေ့ဆက်သွားမှာ ဖြစ်လို့ အားထုတ်ကြိုးပမ်းကြရန် ကစားသမားအချို့ကို နည်းပြ ဆိုးရှားက နောက်ဆုံးဝမ်နင် ပေးထားခဲ့ပြီလို့ သိရပါတယ်။ ဆိုးရှားက ကစားသမားအချို့ကို စိတ်တိုင်း မကျ ဖြစ်နေပြီး လုံလောက်တဲ့ အခွင့်အရေးတွေ ပေးခဲ့ပြီး ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
၂၀၂၂ နွေထိ သက်တမ်းထပ်တိုးခြင်း ခံလိုက်ရပြီးနောက် ယူနိုက်တက် ခံစစ်မှူး အဲရစ်ဘိုင်လီက သူ့အပေါ်ထားတဲ့ ယုံကြည်မှုတွေကို အလုပ်နဲ့ သက်သေပြကာ ပြန်လည် ပေးဆပ်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။
Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ အရန္ ဂိုးသမား လီဂရန္႔ကို ေနာက္ေဘာလံုးရာသီ အကုန္အထိ တစ္နွစ္ သက္တမ္းတုိး စာခ်ဳပ္္ ခ်ဳပ္ဆို လိုက္ပါတယ္။ ဂရန္႔က လက္ေမာင္းဒဏ္ရာ ရထားတာျဖစ္ျပီး ဒီရာသီကုန္ မတိုင္ခင္ ျပန္ ကစားနုိင္ဖို႔ ရွိပါတယ္။
ေဒါ့မြန္က ဘာမင္ဂမ္စီးတီး လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟန္ကို ယူရို ၃၅ သန္းနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီ သတင္းမ်ား ထြက္ေပၚေနေပမယ့္ ယူနုိ္ကတက္ ဘက္ကေတာ့ လက္မေလွ်ာ့ဘဲ ေဒါ့မြန္နဲ႕ အျပဳိင္ ဆက္လက္ ၾကိဳးပမ္းသြားဦးမယ္လိုိ႔ သိရပါတယ္။
ယူနိုက္တက္ နည္းျပ ဆိုးရွားက အငွားေခၚယူထားတဲ့ တိုက္စစ္မွဴး အစ္ဟာလိုကို ရာသီကုန္ရင္ အသင္းက ၀ယ္ယူျဖစ္ဖြယ္ ရွိေၾကာင္း ထပ္မံ ေျပာဆိုခဲ့ပါတယ္။ အစ္ဟာလိုကို တရုတ္စူပါလိဂ္ကလပ္ထံမွ ယူနိုက္တက္က ၆ လ အငွားနဲ႕ ေခၚယူထားခဲ့တာပါ။
ယူနိုက္တက္ ပစ္မွတ္ထားဖူးတဲ့ ခံစစ္မွဴး ကူလီဘိုင္ေလကို နာပိုလီက လာမယ့္ေႏြမွာ ေရာင္းခ်သြားရန္ စီစဥ္ေနျပီး ေစ်းနည္းတဲ့ ကမ္းလွမ္းမႈမ်ား ကိုေတာ့ လက္ခံစဥ္းစားမွာ မဟုတ္ေၾကာင္း နာပိုလီ ဥကၠဌ ဒီေလာ္ရန္းတစ္စ္က ေျပာၾကားခဲ့ပါတယ္။
အသင္း ေရရွည္ တည္ေဆာက္ေရး အစီအစဥ္ေတြအတြက္ ေရွ႕ဆက္သြားမွာ ျဖစ္လို႔ အားထုတ္ၾကိဳးပမ္းၾကရန္ ကစားသမားအခ်ိဳ႕ကို နည္းျပ ဆိုးရွားက ေနာက္ဆံုး၀မ္နင္ ေပးထားခဲ့ျပီလို႔ သိရပါတယ္။ ဆိုးရွားက ကစားသမားအခ်ိဳ႕ကို စိတ္တိုင္း မက် ျဖစ္ေနျပီး လံုေလာက္တဲ့ အခြင့္အေရးေတြ ေပးခဲ့ျပီး ျဖစ္တယ္လို႔ ယံုၾကည္ေနပါတယ္။
၂၀၂၂ ေႏြထိ သက္တမ္းထပ္တိုးျခင္း ခံလိုက္ရျပီးေနာက္ ယူနုိက္တက္ ခံစစ္မွဴး အဲရစ္ဘိုင္လီက သူ႔အေပၚထားတဲ့ ယံုၾကည္မႈေတြကို အလုပ္နဲ႕ သက္ေသျပကာ ျပန္လည္ ေပးဆပ္သြားမယ္လို႔ ကတိျပဳလုိက္ပါတယ္။