ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီစာရင်းမှာ နာမည်ကျော် Apple ကို ကျော်ဖြတ်သွားတဲ့ Nvidia

ကမ္ဘာ့နည်းပညာလောက ပြိုင်ဆိုင်မှုဟာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ချီတက်နေဆဲဖြစ်ကာ နာမည်ကျော် Apple ကို ကျော်တက်သွားတဲ့ ကုမ္ပဏီ ပေါ်ထွက်လာပါပြီ။

AI အသိဉာဏ်ရည်တု ချစ်ပ်ပြားတွေ ထုတ်လုပ်တဲ့ Nvidia ကုမ္ပဏီဟာ ဒေါ်လာ ထရီလီယံ ၃ သန်းနဲ့ Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာအဆင့် ဒုတိယတန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

ဆီလီကွန်တောင်ကြားမှာ Nvidia ရဲ့ စျေးကွက်တန်ဖိုးက အရှိန်အဟုန်နဲ့ Apple ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Nvidia ရဲ့ နောက်ဆုံးနေ့ စတော့စျေးကွက် တိုးတက်မှုက ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး Apple ရဲ့ တိုးတက်မှုက ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိတာ တွေ့ရပါတယ်။

မိုက်ခရိုဆော့ဖ်ကတော့ ပြိုင်ဘက် နည်းပညာ ကုမ္ပဏီတွေကို ကျော်လွန်ပြီး ပိုင်ဆိုင်မှု ၃ ဒသမ ၁၅ ထရီလီယံနဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။

Apple ကုမ္ပဏီဟာ iPhone ရောင်းချတဲ့နေရာမှာ တရုတ်နိုင်ငံနဲ့ ကမ္ဘာ့ဖုန်းစျေးကွက်ကို အဓိကယှဥ်ပြိုင်နေရပြီး ဝယ်လိုအားကျဆင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။