စက်သုံးဆီစျေးနှုန်းများ တစ်လီတာကို ၃၀ မှ ၇၀ ကျပ်ကြား ကျဆင်း

ယနေ့ ဇွန်လ ၇ ရက်နေ့မှာ စက်သုံးဆီဈေးနှုန်းများ ထပ်မံကျဆင်းလာတယ်လို့ စက်သုံးဆီအရောင်းဆိုင်များထံမှ သိရပါတယ်။

စက်သုံးဆီဈေး​တွေ တစ်လီတာ ကျပ် ၃၀ ကျော်ကျဆင်းလာခြင်းဖြစ်ပြီး ဇွန် ၇ ရက်တွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးများမှာ ၉၂ တစ်လီတာ ၂၄၉၅ ကျပ်၊ ၉၅ တစ်လီတာ ၂၆၁၅ ကျပ်ဖြစ်ပါတယ်။

ပရီမီယံဒီဇယ်ဈေးမှာ တစ်လီတာ ၂၃၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ်ဖြစ်ပါတယ်။ ဒီစျေးနှုန်းတွေဟာ ရန်ကုန်စျေးနှုန်းများဖြစ်ကြပါတယ်။

ဇွန် ၆ ရက်တုန်းက စက်သုံးဆီဈေးများမှာ ၉၂ တစ်လီတာ ၂၅၆၅ ကျပ်၊ ၉၅ တစ်လီတာ ၂၆၆၅ ကျပ် ဖြစ်သည်။

ပရီမီယံဒီဇယ်ဈေးမှာ တစ်လီတာ ၂၃၈၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၃၀ ကျပ်ဖြစ်သည်။

ဒါကြောင့် ၁ ရက်အတွင်းမှာ ၉၂ တစ်လီတာ ကျပ် ၇၀၊ ၉၅ တစ်လီတာ ကျပ် ၅၀ ကျဆင်းလာကာ ဒီဇယ်ဈေးနှုန်းများမှာလည်း ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၃၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅ ကျပ် ကျဆင်းလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဈေးအမြင့်တွင်ရှိနေရာမှ ဇွန်လအစပိုင်းမှ စတင်ကာ ကျရိပ်ပြလာခဲ့ပြီး လက်ရှိတွင် ထပ်မံကျဆင်းလာခြင်းဖြစ်ပါတယ်။