အာဆင်နယ်ရဲ့ အနာဟောင်းကို သွားဆွပြီး ဆားနဲ့ပက်လိုက်ပြန်တဲ့ မန်စီးတီး အသင်း ဥက္ကဌ

မန်စီးတီး အသင်း ဥက္ကဋ္ဌဖြစ်သူ အယ် မူဘာရတ် က ပြီးခဲတဲ့ ရာသီ မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံ ထပ်ဖြစ်တာက အာဆင်နယ်နဲ့ ပွဲကြောင့်လို့ ထုတ်ဖော်ပြောကာ ဂန်းနားတို့ရဲ့ အနာဟောင်းကို သွားဆွပြီး ဆားနဲ့ပက်လိုက်ပြန်ပါတယ်။

မူဘာရတ် က ပြီးခဲ့တဲ့ရာသီ အစောပိုင်းမှာ စီးတီးက အာဆင်နယ်ကို အဝေးကွင်းမှာ ရှုံးခဲ့စဉ် က သူတို့အသင်း ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်မယ်ဆိုတာ သိခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

စီးတီးဟာ ၄ ရာသီဆက် ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့အသင်းဖြစ်ကာ အနီးကပ်ပြိုင်ဘက် အာဆင်နယ်နဲ့ ၂ မှတ် အကွာဖြင့် ချန်ပီယံဖြစ်လာခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ အောက်တိုဘာတုန်းက အာဆင်နယ်ကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ကာ မတ်လမှာ ယှဉ်ပြိုင်ကစားတဲ့ အီတီဟက်ပွဲမှာတော့ ဝ-၀ သရေကျခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာလတုန်းက အဆိုပါ ရှုံးပွဲဟာ စီးတီးကို တွန်းအားဖြစ်စေခဲ့တာပါ။

စီးတီး ဥက္ကဋ္ဌ မူဘာရတ် က ” ကျနော်တို့အသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်လို့ ကျနော် ဘယ်အချိန်မှာ သိသွားလဲ ခင်ဗျားတို့ကို ပြောပြမယ်။ အဝေးကွင်းမှာ အာဆင်နယ်ကို ရှုံးလိုက်တာက ကျနော်ကို အံ့ဩစေခဲ့ပါတယ်။ ကျနော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး၊ ကစားပုံ ဆိုးရွားနေတာလည်း မဟုတ်ဘူး။ ကိုယ်ကစားရမယ့် အဆင့်အတန်းမှာ မရှိခဲ့ပါဘူး။

ဒါပေမယ့် အဲ့ဒီပွဲကို ကျနော်တို့ ရှုံးခဲ့သင့်တယ်လို့ မထင်ပါဘူး။ နောက်ဆုံး မိနစ်နားမှာ လမ်းကြောင်းပြောင်းသွားတဲ့ သွင်းဂိုးကြောင့် ကျနော်တို့ ရှုံးခဲ့တာ ဖြစ်ပါတယ်။

ကျနော်ကတော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ကို ကျနော်တို့ပဲ အနိုင်ရလိမ့်မယ်လို့ ပြောခဲ့တယ်။ အသင်းဟာ ရှေ့ဆက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ပါတယ်။ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ဘောလုံးရာသီပြီးဆုံးပြီးနောက် လတ်တလောမှာတော့ ပရီးမီးယားလိဂ်နဲ့ အပြန်အလှန် တရား ရင်ဆိုင်မှုတွေ ပြုလုပ်နေပါတယ်။