အစ်ဟာလို သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲ၊ ရွန်းနီအတွက် ကြိုဆိုမှုနဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ

ညက အက်ဖ်အေဖလား ပွဲစဉ်မှာ ယူနိုက်တက်က ဒါဘီအသင်းကို ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကာ ကွာတားအဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက် အတွက် ဂိုးတွေကို ရှောက တစ်ဂိုးနဲ့ အစ်ဟာလိုက နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး အစ်ဟာလိုက ၎င်းမှာ နည်းပြနဲ့ အသင်းဖော်တွေရဲ့ ယုံကြည်ထောက်ခံမှု ရရှိထားတာကြောင့် တခြား ဘယ်သူတွေ ဘာပြောပြော ဂရုစိုက်မှာ မဟုတ်ကြောင်း ကြေငြာလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ကစားထားတဲ့ ၉ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ၆ ပွဲ နိုင် သရေ ၃ ပွဲ ရထားပါတယ်။ ထိုမှတ်တမ်းက လောလောဆယ် ပရီးမီးယားလိဂ်အသင်းတွေ အနေအထားထဲမှာတော့ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

ရိုးမားက အပြီးသတ် ခေါ်ယူချင်နေတဲ့ ခံစစ်မှူး စမောလင်း အတွက် ယူနိုက်တက် က ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း သတ်မှတ်ထားပြီး ရိုးမားက အပြောင်းအရွှေ့အတွက် ထပ် စဉ်းစားနေပြီလို့ သိရပါတယ်။ စမောလင်းကို စပါးအသင်းကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။

ဒါဘီကွင်းက အက်ဖ်အေပွဲမှာ ယူနိုက်တက် ပရိသတ်တွေက တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကို သောင်းသောင်းဖြဖြ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ရွန်းနီက ထိုကြိုဆိုမှုမျိုးနဲ့လည်း ထိုက်တန်သူ ဖြစ်ကြောင်း ဖာဒီနန်က ထောက်ခံပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက ဒါဘီနဲ့ ပွဲမှာ ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် ဒီတစ်ပတ် မန်ချက်စတာ ဒါဘီပွဲ ပါဝင်ဖို့ မသေချာဘဲ ဖြစ်နေပါတယ်။ စီးတီးဘက်မှာတော့ ကွင်းလယ် ဒီဘရိုင်းရဲ့ ပခုံးဒဏ်ရာကို စောင့်ကြည့်နေဆဲ ဖြစ်ပြီး ယူနိုက်တက်နဲ့ ပွဲမှာ ထည့်ကစားနိုင်ဖို့ ကြိုးစားနေပါတယ်။

Zawgyi – ညက အက္ဖ္ေအဖလား ပြဲစဥ္မွာ ယူနုိက္တက္က ဒါဘီအသင္းကို ၃ဂိုး ဂိုးမရွိနဲ႕ အနုိင္ယူကာ ကြာတားအဆင့္ တက္ေရာက္သြားျပီ ျဖစ္ပါတယ္။ ယူနိုက္တက္ အတြက္ ဂိုးေတြကို ေရွာက တစ္ဂိုးနဲ႕ အစ္ဟာလိုက နွစ္ဂိုး သြငး္ယူေပးခဲ့ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး အစ္ဟာလိုက ၄င္းမွာ နည္းျပနဲ႕ အသင္းေဖာ္ေတြရဲ႕ ယံုၾကည္ေထာက္ခံမႈ ရရွိထားတာေၾကာင့္ တျခား ဘယ္သူေတြ ဘာေျပာေျပာ ဂရုစိုက္မွာ မဟုတ္ေၾကာင္း ေၾကျငာလိုက္ပါတယ္။

ယူနိုက္တက္ဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ကစားထားတဲ့ ၉ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ၆ ပြဲ နုိင္ သေရ ၃ ပြဲ ရထားပါတယ္။ ထိုမွတ္တမ္းက ေလာေလာဆယ္ ပရီးမီးယားလိဂ္အသင္းေတြ အေနအထားထဲမွာေတာ့ အေကာင္းဆံုးလို႔ ဆိုနိုင္ပါတယ္။

ရိုးမားက အျပီးသတ္ ေခၚယူခ်င္ေနတဲ့ ခံစစ္မွဴး စေမာလင္း အတြက္ ယူနိုက္တက္ က ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္း သတ္မွတ္ထားျပီး ရိုးမားက အေျပာင္းအေရႊ႕အတြက္ ထပ္ စဥ္းစားေနျပီလို႔ သိရပါတယ္။ စေမာလင္းကို စပါးအသင္းကလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာပါ။

ဒါဘီကြင္းက အက္ဖ္ေအပြဲမွာ ယူနုိက္တက္ ပရိသတ္ေတြက တိုက္စစ္မွဴးေဟာင္း ၀ိန္းရြန္းနီကို ေသာင္းေသာင္းျဖျဖ ေႏြးေထြးစြာ ၾကိဳဆိုခဲ့ၾကျပီး ရြန္းနီက ထိုၾကိဳဆိုမႈမ်ိဳးနဲ႕လည္း ထိုက္တန္သူ ျဖစ္ေၾကာင္း ဖာဒီနန္က ေထာက္ခံေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ဒါဘီနဲ႕ ပြဲမွာ ေျခက်င္း၀တ္ ထိခိုက္ဒဏ္ရာ ရခဲ့တာေၾကာင့္ ဒီတစ္ပတ္ မန္ခ်က္စတာ ဒါဘီပြဲ ပါ၀င္ဖို႔ မေသခ်ာဘဲ ျဖစ္ေနပါတယ္။ စီးတီးဘက္မွာေတာ့ ကြင္းလယ္ ဒီဘရိုင္းရဲ႕ ပခံုးဒဏ္ရာကို ေစာင့္ၾကည့္ေနဆဲ ျဖစ္ျပီး ယူနိုက္တက္နဲ႕ ပြဲမွာ ထည့္ကစားနုိင္ဖို႔ ၾကိဳးစားေနပါတယ္။