စာချုပ်ကိစ္စ မဟတဲ့ ဟာလန်း၊ ၁ဝဝ ကျော် ဈေးပေါက်နေတဲ့ ပစ်မှတ် နှစ်ဦး၊ ပက် ရဲ့ အနာဂတ်နဲ့ နောက်ဆုံးထွက် မန်စီးတီး သတင်းများ

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းကတော့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုတွေကို ပြန်လည် ဖြေကြားခြင်း မပြုလုပ်ခဲ့ဘူး လို့ သိရပါတယ်။
နယူးကာဆယ်အသင်းကတော့ ဂွီးမားရက်စ်ကို အလိုရှိရင် ပေါင် သန်း ၁၀၀ ပေးရမယ်လို့ မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးတို့ကို အသိပေးထားပါတယ်။
မန်စီးတီး တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ်ကို တရားဝင် ချိတ်ဆက်မှု ပြုလုပ်ဖို့ ချယ်ဆီးဘက်က ပြင်ဆင်နေပြီ လို့ သိရပါတယ်။
မန်စီးတီး၊ အာဆင်နယ်၊ ယူနိုက်တက်တို့ စောင့်ကြည့်မှု လုပ်ထားကြတဲ့ ကွင်းလယ်လူ ဂျာအို နီဗက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ရမှ လက်လွတ်ဖို့ ဘင်ဖီကာအသင်း က ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ နည်းပြ ပက် ဂွာဒီယိုလာ ကို အသင်းမှာ ဆက်ထိန်းဖို့ အနာဂတ် ကိစ္စ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း စီးတီး တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
အိုက်စလန်နဲ့ပွဲမှာ စိတ်ပျက်စရာခြေစွမ်းနဲ့ ရှုံးပွဲတွေ့ခဲ့ပြီးတဲ့နောက် အင်္ဂလန်အသင်းပရိသတ်တွေက မန်စီးတီး ကွင်းလယ်လူ ဂျက် ဂရီးလစ်ရှ်ကို မရွေးချယ်ခဲ့တဲ့ နည်းပြဆောက်ဂိတ်ကို ဝေဖန်ပြစ်တင်နေကြပါတယ်။