အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ဂရီးလစ်ချ် မပါလာတာ အံ့သြမဆုံး ဖြစ်နေတဲ့ ဂျာမနီအသင်း

ဂျာမနီအသင်း ကတော့ အင်္ဂလန်အသင်း လူစာရင်းမှာ မန်စီးတီး စတား ဂျက် ဂရီးလစ်ချ် မပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး အတော် အံ့အားသင့်နေတယ်လို့ သိရပါတယ်။
Independent သတင်းဌာနရဲ့အဆိုအရ ဂျာမနီအသင်းဟာ အင်္ဂလန်အသင်း နောက်ဆုံး လူစာရင်းမှာ ဂရီးလစ်ချ်ထက် အီဇီးကိုသာ ရွေးချယ်ခဲ့တဲ့အတွက် အံ့အားသင့်နေတယ်လို့ ဆိုပါတယ်။
ဂျာမန်ကစားသမားတွေက ဂရီးလစ်ချ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ထိတ်လန့်နေကာ အီဇီးက အခုလိုမျိုးမလုပ်နိုင်ဘူးလို့ ထင်မြင်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်စတားဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အိုလီဗာလက်အောက်မှာ တောက်ပခဲ့ပြီး ၂၇ ပွဲမှာ ၁၁ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဂျက်ဂရီးလစ်ချ် ကတော့ ပွဲ ၂၀ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းမှာ ခရစ္စတယ်ပဲလေ့စ်ကစားသမား ၄ ဦးအထိ ပါဝင်ထားကာ အီဇီး ၊ ဟန်ဒါဆန် ၊ ဝါတန် ၊ ဂူဟီတို့ ပါဝင်နေပါတယ်။
အဆိုပါအတွဲဟာ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၄ အဖွင့်ပွဲတွေမှာ ပါဝင်လာနိုင်ဖို့ အခြေအနေများနေပါတယ်။ အိုက်စ်လန် ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဆောက်ဂိတ်က ယူရိုမတိုင်ခင် ပွဲထွက်လူစာရင်း ၁၁ ယောက်ကို သေချာပြင်ဆင်နေပါတယ်။
အင်္ဂလန်အသင်းဟာ ဒီ တနင်္ဂနွေနေ့မှာ ဆားဘီးယားနဲ့ ရင်ဆိုင် ကစားမှာဖြစ်ပါတယ်။