ရန်ကုန်အတွက် လျှပ်စစ်မီးဖြန့်ဝေမှု ခွဲတမ်းပုံစံအသစ် စတင်

ရန်ကုန်တိုင်းအတွင်းရှိ အရှေ့ပိုင်းနှင့် အနောက်ပိုင်းမြို့နယ်များအား လျှပ်စစ်မီးဖြန့်ဝေမှုခွဲတမ်းပုံစံအသစ် ထွက်ပေါ်လာပါတယ်။

Load Shed Plan အရ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် အုပ်စု ဘီအား နံနက် ၈ နာရီမှ နေ့ခင်း ၁ နာရီအထိ အလှည့်ကျ ပုံမှန်ဝန်အားလျော့မည်ဖြစ်ပါတယ်။

အုပ်စု အေအား နေ့ခင်း ၁ နာရီမှ ညနေခင်း ၅ နာရီထိ အလှည့်ကျဝန်အား လျော့မည် ဖြစ်ပါသည်။

အလှည့်ကျ ပုံမှန်ဝန်အားလျော့ခြင်းဖြစ်တာကြောင့် ဇွန်လ ၉ ရက်နေ့မှာတော့ အုပ်စု အေအား နံနက် ၈ နာရီမှ နေ့ခင်း ၁ နာရီထိ ဝန်အားလျော့မှာဖြစ်ကာ အုပ်စု ဘီကတော့ နေ့ခင်း ၁ နာရီမှ ညနေခင်း ၅ နာရီထိ မီးပျက်မှာဖြစ်ပါသည်။

မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် ဇုံများ၊ ကျေးရွာများကို ယခင်အတိုင်း Load Shed ဆောင်ရွက်ရမယ်လို့ သိရပါတယ်။