သမိုင်းမှာ လုပ်ခလစာ အမြင့်ဆုံး ဗြိတိန် ကစားသမား ဖြစ်လာတော့မယ့် ဖီးလ် ဖိုဒန်

မန်ချက်စတာ စီးတီးအသင်းဟာ အသင်းတောင်ပံတိုက်စစ် ကစားသမားလေး ဖိုဒန်ကို ဗြိတိန် လစာအမြင့်ဆုံး ကစားသမား ဖြစ်လာနိုင်စေမယ့် ပမာဏမျိုးနဲ့ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

မန်စီးတီးအသင်းဟာ ဖိုဒန်ကို တစ်ပါတ် ပေါင် ၃၇၅၀၀၀ အထိ ပေးချေကာ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး ဘယ်လွန်ဒေါဆုပိုင်ရှင်လောင်း ထိမ်းသိမ်းဖို့ ပြင်ဆင်နေပါတယ်။

ယခုတစ်ခေါက် ချုပ်ဆိုမယ့် စာချုပ်အရ ဖိုဒန်ဟာ တစ်ပါတ် ပေါင် ၂သိန်း အပိုဆုကြေးပါဝင်မယ့် အချက်အလက်တွေ ပါဝင်နေတာကြောင့် ဗြိတိန်ရဲ့ လုပ်ခ အမြင့်ဆုံးဖြစ်လာနိုင်ပြီး ၅ နှစ် ထပ်မံသက်တမ်းတိုးဖို့ ရှိနေပါတယ်။

ဖိုဒန်ဟာ ဟာလန်း၊ဒီ ဘရိုင်းတို့နဲ့ လစာတန်းတူ ရရှိသွားမှာ ဖြစ်တာကြောင့် ဗြိတိန် အခြေစိုက် ကစားသမားတွေအနက် လစာအမြင့်ဆုံး ကစားသမားဖြစ်လာနိုင်ပြီး အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် မက်လောက်တဲ့ ပမာဏတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဖိုဒန်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆက် ရရှိအောင် အသင်းကို အဓိက ပံ့ပိုးနေနိုင်ခဲ့ကာ လာမယ့် ယူရို အင်္ဂလန်နဲ့ ဆက်လက် ပါဝင် ခြေစွမ်းပြဖို့ အကောင်းဆုံး အနေအထားတွေ ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။