တရုတ်ပြည်မှာ ရွှေချောင်း ရွှေပဲလုံးတွေ စုဆောင်းကြပြီး လက်ဝတ်ရတနာ အထည် ဝယ်ယူမှု လျော့ကျ

တရုတ်နိုင်ငံမှာ ရွှေစျေးကောင်းနေတာကြောင့် စျေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးလာပေမဲ့ လက်ဝတ်ရတနာအဖြစ် ဝယ်ယူသူ အရေအတွက်ကတော့ ကျဆင်းသွားခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်က ရင်းနှီးမြုပ်နှံသူတွေကတော့ ယုံကြည်စိတ်ချရသလို တန်ဖိုးထိန်းထားနိုင်တဲ့ အကောင်းဆုံးပစ္စည်းအဖြစ် ရွှေချောင်းတွေအပေါ် ရင်းနှီးမြုပ်နှံလာကြတာပါ။ ရေရှည်ရင်းနှီးမြှုပ်နှံဖို့အတွက် ရွှေချောင်းတွေ ဝယ်နေကြတယ်လို့ ဆိုပါတယ်။

တရုတ်လူငယ်မျိုးဆက်ဟာလည်း အိမ်ခြေံမြေနဲ့ စတော့အပေါ်မှာ ယုံကြည်မှု ကျဆင်းလာပြီး ရွှေကို အာရုံကျလာနေတယ်။ ၎င်းတို့ကတော့ လုပ်ခတွေကို ရွှေအဖြစ် ပြောင်းလဲ စုဆောင်းနိုင်ဖို့ လစဉ်တိုင်း ပဲလုံးအရွယ် ရွှေတွေကို စုဆောင်းကြတာဖြစ်ပါတယ်။

တရုတ် ပြည်တွင်းမှာ ရွှေစုဆောင်းမှုစျေးကွက် ဖြစ်ထွန်းနေပေမဲ့ ရွှေလက်ဝတ်ရတနာစျေးကွက်ကတော့ ကျဆင်းလာနေပါတယ်။ ရွှေစျေးတက်တာကြောင့် အလှအပ ဝတ်ဆင်ဖို့ ရွှေဝယ်သူတွေကတော့ တွန့်ဆုတ်လာကြတယ်လို့ ဆိုပါတယ်။

၂၀၂၄ နှစ်စနဲ့ လက်ရှိလတွေကြား နှိုင်းယှဉ်မယ်ဆိုရင် အရောင်းအဝယ်ဖြစ်မှုဟာ ၃ ချိုး ၁ ချိုးလောက်ပဲ ရှိတော့တယ်လို့ မြို့တော် ပေကျင်းရဲ့ ရွှေဆိုင်တစ်ခုက အရောင်းမန်နေဂျာဖြစ်သူက ပြောပြခဲ့သေးတာ ဖြစ်ပါတယ်။