အလန်းစား ဖရီးကစ်နှစ်ကြိမ်ကို ဂိုးမဖြစ်အောင် ကာကွယ်သွားတဲ့ ရိုမဲရိုးကို ပွဲအပြီး ရွန်းနီ မှတ်ချက်ပေး

ဒါဘီနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့တဲ့ အက်ဖ်အေပွဲမှာတော့ ယူနိုက်တက်က ၃-၀ နဲ့ ဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်မှာ နော်ဝစ်နဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်က ကစားပုံကောင်းခဲ့သလို ပြိုင်ဘက်အသင်းရဲ့ အသင်းခေါင်းဆောင်က ဝိန်းဖြစ်နေတာကြောင့် အသင်းပရိသတ်တွေကြား စိတ်ခံစားမှုတွေ များတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ ဝိန်းရွန်းနီဟာ ဒါဘီကို ဦးဆောင်ဖို့ ကြိုးစားခဲ့ပြီး ထူးချွန်တဲ့ ဖရီးကစ် နှစ်ကြိမ်တိုင် ကန်သွင်းခဲ့ပြပေမယ့် ဂိုးသမား ရိုမဲရိုး အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားရတဲ့ အသင်းဟောင်း ယူနိုက်တက်အပေါ် ဘယ်လိုမြင်လဲဆိုတဲ မေးခွန်းကို ရွန်နီးက ” ယူနိုက်တက်က တကယ်ကို အသင်းကောင်း တစ်သင်းပါဗျာ။ ဒီအခြေအနေမှာတော့ ငါတို့မှာရှိတဲ့ အရည်အချင်းနဲ့ ကြိုးစား ယှဉ်ပြိုင်ဖို့ရာ ကွားခြားတဲ့ အဆင့်မှာ ရှိနေပါတယ် ” လို့ ဖြေပါတယ်။

ကောင်းမွန်တဲ့ ဖရီးကစ်နှစ်ကြိမ်ကို ယူနိုက်တက်ဂိုးသမား ရိုမဲရိုး အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာနဲ့ ပက်သက်လို့လည်း ” ရိုမဲရိုးက ဖရီးကစ် တစ်ကြိမ်လောက်ကို ခွင့်ပြုလိုက်ဖို့အတွက် ဒီနေ့မှာ သိပ်ပြီး စိတ်ကောင်းမရှိနေဘူးဗျ။ သူကာကွယ်သွားတာ အရမ်းကောင်းပါတယ်ဗျာ။ ဒါပေပမယ့် ငါတို့ကလည်း ဆက်သွားနေမှာပါ။ ဒီအပတ်မှာ ငါတို့လည်း ပွဲကစားရဖို့ ရှိနေပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် နာမည်ကျော် ကွင်းလယ်လူ ဖာဘရီဂတ်စ်ကတော့ ရွန်းနီရဲ့ ဖရီးကစ်ကို အကြိမ်တိုင်း ကာကွယ်ခဲ့တဲ့ ရိုမဲရိုးအား ‘အား လုပ်ပါကွာ၊ ပေးဝင်လိုက်ပါ ‘ ဆိုပြီး တွစ်တာကနေ နောက်ပြောင်သွားခဲ့ပါသေးတယ်။

ZAWGYI

ဒါဘီနဲ႔ ယူႏုိက္တက္တို႔ ထိပ္တိုက္ေတြ႔တဲ့ အက္ဖ္ေအပြဲမွာေတာ့ ယူႏုိက္တက္က ၃-၀ နဲ႔ ဂိုးျပတ္ အႏုိင္ယူျပီး ကြာတားဖိုင္နယ္အဆင့္မွာ ေနာ္ဝစ္နဲ႔ ထိပ္တိုက္ေတြ႔မွာ ျဖစ္ပါတယ္။

ယူႏုိက္တက္က ကစားပံုေကာင္းခဲ့သလို ျပိဳင္ဘက္အသင္းရဲ႕ အသင္းေခါင္းေဆာင္က ဝိန္းျဖစ္ေနတာေၾကာင့္ အသင္းပရိသတ္ေတြၾကား စိတ္ခံစားမႈေတြ မ်ားတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့တယ္။ ဝိန္းရြန္းနီဟာ ဒါဘီကို ဦးေဆာင္ဖို႔ ၾကိဳးစားခဲ့ျပီး ထူးခၽြန္တဲ့ ဖရီးကစ္ ႏွစ္ၾကိမ္တုိင္ ကန္သြင္းခဲ့ျပေပမယ့္ ဂိုးသမား ရိုမဲရိုး အေကာင္းဆံုး ကာကြယ္သြားႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ကစားရတဲ့ အသင္းေဟာင္း ယူႏုိက္တက္အေပၚ ဘယ္လိုျမင္လဲဆိုတဲ ေမးခြန္းကို ရြန္နီးက ” ယူႏုိက္တက္က တကယ္ကို အသင္းေကာင္း တစ္သင္းပါဗ်ာ။ ဒီအေျခအေနမွာေတာ့ ငါတို႔မွာရွိတဲ့ အရည္အခ်င္းနဲ႔ ၾကိဳးစား ယွဥ္ျပိဳင္ဖို႔ရာ ကြားျခားတဲ့ အဆင့္မွာ ရွိေနပါတယ္ ” လို႔ ေျဖပါတယ္။

ေကာင္းမြန္တဲ့ ဖရီးကစ္ႏွစ္ၾကိမ္ကို ယူႏုိက္တက္ဂိုးသမား ရိုမဲရိုး အေကာင္းဆံုး ကာကြယ္ႏုိင္ခဲ့တာနဲ႔ ပက္သက္လို႔လည္း ” ရိုမဲရိုးက ဖရီးကစ္ တစ္ၾကိမ္ေလာက္ကို ခြင့္ျပဳလိုက္ဖို႔အတြက္ ဒီေန႔မွာ သိပ္ျပီး စိတ္ေကာင္းမရွိေနဘူးဗ်။ သူကာကြယ္သြားတာ အရမ္းေကာင္းပါတယ္ဗ်ာ။ ဒါေပပမယ့္ ငါတို႔ကလည္း ဆက္သြားေနမွာပါ။ ဒီအပတ္မွာ ငါတုိ႔လည္း ပြဲကစားရဖို႔ ရွိေနပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ နာမည္ေက်ာ္ ကြင္းလယ္လူ ဖာဘရီဂတ္စ္ကေတာ့ ရြန္းနီရဲ႕ ဖရီးကစ္ကို အၾကိမ္တုိင္း ကာကြယ္ခဲ့တဲ့ ရိုမဲရိုးအား ‘အား လုပ္ပါကြာ၊ ေပးဝင္လုိက္ပါ ‘ ဆိုျပီး တြစ္တာကေန ေနာက္ေျပာင္သြားခဲ့ပါေသးတယ္။