အယ်လ်ဗာရက်ဇ် စကားပြောပါပြီ၊ ဆိုစီဒက်နဲ့ ဂိုးမက်စ်၊ ကင်မစ်၊ ဘာစီ မသွားဘူး ဆိုတဲ့ ပက်နဲ့ နောက်ဆုံးရ မန်စီးတီး ထူးခြား သတင်းများ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက သူဟာ အသင်းဟောင်း ဘာစီလိုနာ ထံ ပြန်သွားဖို့ လုံးဝ မဖြစ်နိုင်ပါဘူးလို့ ယတိပြတ် ပြောဆို လာပါတယ်။

စီးတီး တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ဟာ ချဲလ်ဆီးအသင်းရဲ့ ချိတ်ဆက်မှုတွေကြောင့် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားသော်လည်း ယခုအခါမှာတော့ အီတီဟတ်မှာ ပျော်ရွှင်နေကြောင်း တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။

ရီးရဲလ် ဆိုစီဒက်စ်အသင်းဟာ မန်စီးတီး ဘယ်အစွန်လူ ဆာဂျီရို ဂိုးမက်စ်ကို ခေါ်ယူဖို့ စကားပြောနေပြီလို့ သိရပါတယ်။ ၎င်းတို့က ဂိုးမက်စ်ကို အရ ခေါ်ဖို့ ရည်မှန်းထားပြီး အာဆင်နယ်ကနေ အငှားခေါ်ယူထားတဲ့ တီရာနေးကို ပြန်ပို့ဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ပါတယ်။

မန်စီးတီး၊ လီဗာပူးအသင်းတို့ စိတ်ဝင်စားမှု ပြသခဲ့ဖူးတဲ့ ကွင်းလယ်လူ ကင်မစ်အတွက် အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးဖို့ ဘိုင်ယန်မြူးနစ်ဘက်က ဆုံးဖြတ်လိုက်ပါတယ်။

မန်စီးတီးနှင့် ရီးရဲလ်မက်ဒရစ်စူပါစတားဟောင်း ရော်ဘင်ဟိုဟာ အကျဉ်းထောင်မှာ တီဗွီပြင်သူအဖြစ် ဘဝသစ် စတင်နေပါတယ်။

မန်စီးတီးဟာ ၂၀၂၅ နွေမှာ ပက် ဂွာဒီယိုလာ အသင်းကနေ ထွက်ခွာရင် အစားထိုး ခန့်ဖို့ နည်းပြ အဖြစ် ဇာဘီ အလွန်ဆို ကို မျက်စိကျနေပါတယ်။