မန်ချက်စတာဒါဘီပွဲကြို ဒဏ်ရာရသွားတဲ့ အသင်းသား သုံးဦးအကြောင်း ဆိုးရှား ထုတ်ပြော
ယူနိုက်တက်မန်နေဂျာ ဆိုးရှားက မန်ချက်စတာဒါဘီ ပွဲအကြိုမှာ ကလပ်အသင်း စီနီယာအသင်းသား သုံးဦးထိ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒါဘီပွဲကြိုမှာ ထုတ်ပြောလိုက်ပါတယ်။
လူငယ်ကစားသမားတွေဖြစ်တဲ့ ဘစ်ဆာကာနဲ့ ဂျိမ်းတို့ဟာ ပွဲမတိုင်ခင်တည်းက ဒဏ်ရာရနေတယ်လို့ သိထားရတာဖြစ်ပြီး မက်ဂွဲရားကက မနက်ကပွဲမှာ မပါလာခဲ့ပါဘူး။ မန်နေဂျာကတော့ ခြေကျင်းဝတ်မှာ ဒဏ်ရာ ရနေခဲ့တယ်လို့ ဆိုပြီး မန်ချက်စတာ ဒါဘီပွဲမှာ ပြန်ပါလာနိုင်းမလား အဖြေမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။
ဆိုးရှားကပဲ “ မနေ့က လေ့ကျင့်ရေးမှာ သူနဲ့ ဆွေးနွေး စကားပြောမှုတွေ လုပ်ခဲ့ပြီး ဒါဘီပွဲမှာ အနားပေးမှာ မဟုတ်တဲ့အကြောင်းကို ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူ ခြေကျင်းဝတ်မှာ ဒဏ်ရာရသွားခဲ့တာကြောင့် ဒါဘီနဲ့ပွဲမှာ ချန်လှပ်ထားခဲ့ရတာပါ။ မန်စီးတီးပွဲမတိုင်ခင် သူပြန်ကောင်းလာဖို့ မျှော်လင့်ပေမယ့် အသေအချာတော့ မပြောနိုင်သေးပါဘူး။
မန်ချက်စတာဒါဘီကို အသင်းသားတိုင်းက ကစားလိုကြပါတယ်။ ဒါပေမယ့် မက်ဂွဲရား၊ ဘစ်ဆာကာနဲ့ ဂျိမ်းတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေတွေကို ကျနော် သေချာ မပြောနိုင်သေးပါဘူး။ သူတို့ ပွဲထွက်ပေးနိုင်မလား လွဲချော်သွားမလား မသိသေးပါဘူး။ ဒီနေ့ပွဲမှာ သူတို့ မပါနိုင်တာအတွက် အခြားသော အသင်းသားတွေက အခွင့်အရေးတွေ ရခဲ့ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်တယ်။
ဒါဘီနဲ့ပွဲမှာတော့ ခံစစ်က ဘိုင်လီနဲ့ လင်ဒီအော့အတွဲကို ပွဲထုတ်ခဲ့သလို တိုက်စစ်က အစ်ဟာလိုနဲ့ အစွန်နေရာမှာ ဒါလော့တို့ကို ပွဲထုတ်ခဲ့ပြီး ၎င်းတို့ကလည်း အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရတဲ့ ယူနိုက်တက်အတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက မန္ခ်က္စတာဒါဘီ ပြဲအၾကိဳမွာ ကလပ္အသင္း စီနီယာအသင္းသား သံုးဦးထိ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဒါဘီပြဲၾကိဳမွာ ထုတ္ေျပာလိုက္ပါတယ္။
လူငယ္ကစားသမားေတြျဖစ္တဲ့ ဘစ္ဆာကာနဲ႔ ဂ်ိမ္းတို႔ဟာ ပြဲမတိုင္ခင္တည္းက ဒဏ္ရာရေနတယ္လို႔ သိထားရတာျဖစ္ျပီး မက္ဂြဲရားကက မနက္ကပြဲမွာ မပါလာခဲ့ပါဘူး။ မန္ေနဂ်ာကေတာ့ ေျခက်င္းဝတ္မွာ ဒဏ္ရာ ရေနခဲ့တယ္လို႔ ဆိုျပီး မန္ခ်က္စတာ ဒါဘီပြဲမွာ ျပန္ပါလာႏုိင္းမလား အေျဖမေပးႏုိင္ေသးဘူးလို႔ ဆိုပါတယ္။
ဆိုးရွားကပဲ “ မေန႔က ေလ့က်င့္ေရးမွာ သူနဲ႔ ေဆြးေႏြး စကားေျပာမႈေတြ လုပ္ခဲ့ျပီး ဒါဘီပြဲမွာ အနားေပးမွာ မဟုတ္တဲ့အေၾကာင္းကို ေျပာခဲ့ပါေသးတယ္။ ဒါေပမယ့္ သူ ေျခက်င္းဝတ္မွာ ဒဏ္ရာရသြားခဲ့တာေၾကာင့္ ဒါဘီနဲ႔ပြဲမွာ ခ်န္လွပ္ထားခဲ့ရတာပါ။ မန္စီးတီးပြဲမတိုင္ခင္ သူျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ေပမယ့္ အေသအခ်ာေတာ့ မေျပာႏုိင္ေသးပါဘူး။
မန္ခ်က္စတာဒါဘီကို အသင္းသားတိုင္းက ကစားလိုၾကပါတယ္။ ဒါေပမယ့္ မက္ဂြဲရား၊ ဘစ္ဆာကာနဲ႔ ဂ်ိမ္းတို႔ရဲ႕ ၾကံ႔ခိုင္မႈ အေျခအေနေတြကို က်ေနာ္ ေသခ်ာ မေျပာႏုိင္ေသးပါဘူး။ သူတို႔ ပြဲထြက္ေပးႏုိင္မလား လြဲေခ်ာ္သြားမလား မသိေသးပါဘူး။ ဒီေန႔ပြဲမွာ သူတို႔ မပါႏုိင္တာအတြက္ အျခားေသာ အသင္းသားေတြက အခြင့္အေရးေတြ ရခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္တယ္။
ဒါဘီနဲ႔ပြဲမွာေတာ့ ခံစစ္က ဘိုင္လီနဲ႔ လင္ဒီေအာ့အတြဲကို ပြဲထုတ္ခဲ့သလို တိုက္စစ္က အစ္ဟာလိုနဲ႔ အစြန္ေနရာမွာ ဒါေလာ့တို႔ကို ပြဲထုတ္ခဲ့ျပီး ၄င္းတို႔ကလည္း အေဝးကြင္းမွာ ဂိုးျပတ္ အႏုိင္ရတဲ့ ယူႏုိက္တက္အတြက္ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏုိင္ခဲ့တာ ျဖစ္ပါတယ္။