ချန်လှပ်ခံ ယူနိုက်တက်အသင်းသားများအား ပေါ်တင် သတိပေးလိုက်တဲ့ ဆိုးရှား

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက ပါရဲရားနဲ့ လင်ဂတ်တို့လို ပွဲထွက်စာရင်းမှာ ပါဝင်ခွင့် မရဘဲ ချန်လှပ်ခံနေရတဲ့ ကစားသမားတွေ အပေါ် သတိပေးစကား ပြောကြားလိုက်ပါတယ်။ ၎င်းတို့ဟာ ဘရူနို ဖာနန်ဒက်စ် ရောက်ရှိလာပြီးနောက် ပွဲထွက်ကစားခွင့် ပိုမို ဝေးကွာလာတာ ဖြစ်ပါတယ်။

ပါရဲရားဟာ ဖာနန်ဒက်စ် ရောက်လာတည်းက လိဂ်ပွဲထွက်ခွင့် တစ်ကြိမ်သာ ရောက်ရှိလာပြီး လင်ဂတ်ကလည်း ကလပ်ဘရုစ်နဲ့ ယူရိုပါလိဂ် ပွဲမှာသာ ပါဝင်ကစားခွင့် ရထားပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက သူကိုယ်တိုင်လည်း ကစားသမားဘဝမှာ ချန်လှပ်ခံထားရတာတွေ ကြုံခဲ့ရပြီး သူ့နည်းပြ ဘဝမှာလည်း ကစားသမား ရွေးချယ်မှုတိုင်းကို လိုက်လံ ရှင်းပြနေမှာ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။

” ကျနော်က (ချန်လှပ်ခံရတဲ့) ကစားသမားတွေအတွက် လိုက်ပြီး စိတ်မကောင်း ဖြစ်နေမှာ မဟုတ်ဘူး။ နောက်ပွဲ အတွက် ကစားသမားတွေက ကိုယ့်ကိုယ်ကို အသင့် ပြင်ပြီး ပြိုင်ဆိုင်ရမှာ ဖြစ်တယ်။ ဒါမျိုးကို ကျနော် ကြိုက်တာပါ။ ကျနော်က ကစားသမားတွေ အနေနဲ့ ‘ သူက ငါ့ကို နှစ်ပွဲ သုံးပွဲလောက် ရှင်းမပြဘဲ ချန်ထားတယ် ‘ လို့ လာမေးတာ ပြောတာမျိုး သဘောကျပါတယ်။

ကျနော်က ပွဲတိုင်း လိုက်ဖြေရှင်းမှာ မဟုတ်ပါဘူး။ တခါတလေ ရှင်းပြချင် ရှင်းပြမှာပေါ့။ ဒါပေမယ့် ကျနော်လိုအပ်မှသာ ဒါမျိုးပြောချင် ပြောမှာ ဖြစ်တယ်။ ကျနော့်က အကြိမ် ၁၀၀ လောက် မင်းတို့ ပြောင်းလဲဖို့ လိုနေပြီ လိုက်ပြောနေလို့ မရဘူး။ ကစားသမားတွေ အနေနဲ့ လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပြီး ဖြစ်တယ်။

တစ်နေ့မှာ ဆုံးဖြတ်ချက်ကြီးတွေလည်း ကျနော် ချရင် ချရဖို့ ရှိမှာပေါ့။ အဲ့ဒီကျ သတိပေးချက် ထုတ်ရင် ထုတ်ရလိမ့်မယ်။ ဒီလို အကြိမ်ကြိမ်ဆို တချိန်မှာ ဒီမှာ သူတို့ ရှိချင်မှ ရှိလိမ့်တော့မယ်။ ဒါကို စဉ်းစားဖို့ လိုတယ်။” လို့ ဆိုးရှားက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ညက ဒါဘီနဲ့ အက်ဖ်အေဖလားပွဲမှာ အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်ပြီး နောက်တစ်ဆင့်မှာ နောဝစ်ချ်နဲ့ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ နည္းျပ ဆိုးရွားက ပါရဲရားနဲ႕ လင္ဂတ္တို႔လို ပြဲထြက္စာရင္းမွာ ပါ၀င္ခြင့္ မရဘဲ ခ်န္လွပ္ခံေနရတဲ့ ကစားသမားေတြ အေပၚ သတိေပးစကား ေျပာၾကားလိုက္ပါတယ္။ ၄င္းတို႔ဟာ ဘရူနို ဖာနန္ဒက္စ္ ေရာက္ရွိလာျပီးေနာက္ ပြဲထြက္ကစားခြင့္ ပိုမို ေ၀းကြာလာတာ ျဖစ္ပါတယ္။

ပါရဲရားဟာ ဖာနန္ဒက္စ္ ေရာက္လာတည္းက လိဂ္ပြဲထြက္ခြင့္ တစ္ၾကိမ္သာ ေရာက္ရွိလာျပီး လင္ဂတ္ကလည္း ကလပ္ဘရုစ္နဲ႕ ယူရိုပါလိဂ္ ပြဲမွာသာ ပါ၀င္ကစားခြင့္ ရထားပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက သူကိုယ္တိုင္လည္း ကစားသမားဘ၀မွာ ခ်န္လွပ္ခံထားရတာေတြ ၾကံဳခဲ့ရျပီး သူ႔နည္းျပ ဘ၀မွာလည္း ကစားသမား ေရြးခ်ယ္မႈတိုင္းကို လိုက္လံ ရွင္းျပေနမွာ မဟုတ္ေၾကာင္း သတိေပးခဲ့ပါတယ္။

” က်ေနာ္က (ခ်န္လွပ္ခံရတဲ့) ကစားသမားေတြအတြက္ လိုက္ျပီး စိတ္မေကာင္း ျဖစ္ေနမွာ မဟုတ္ဘူး။ ေနာက္ပြဲ အတြက္ ကစားသမားေတြက ကိုယ့္ကုိယ္ကို အသင့္ ျပင္ျပီး ျပိဳင္ဆိုင္ရမွာ ျဖစ္တယ္။ ဒါမ်ိဳးကို က်ေနာ္ ၾကိဳက္တာပါ။ က်ေနာ္က ကစားသမားေတြ အေနနဲ႕ ‘ သူက ငါ့ကို နွစ္ပြဲ သံုးပြဲေလာက္ ရွင္းမျပဘဲ ခ်န္ထားတယ္ ‘ လို႔ လာေမးတာ ေျပာတာမ်ိဳး သေဘာက်ပါတယ္။

က်ေနာ္က ပြဲတိုင္း လိုက္ေျဖရွင္းမွာ မဟုတ္ပါဘူး။ တခါတေလ ရွင္းျပခ်င္ ရွင္းျပမွာေပါ့။ ဒါေပမယ့္ က်ေနာ္လိုအပ္မွသာ ဒါမ်ိဳးေျပာခ်င္ ေျပာမွာ ျဖစ္တယ္။ က်ေနာ့္က အၾကိမ္ ၁၀၀ ေလာက္ မင္းတို႔ ေျပာင္းလဲဖို႔ လိုေနျပီ လိုက္ေျပာေနလို႔ မရဘူး။ ကစားသမားေတြ အေနနဲ႕ လံုေလာက္တဲ့ အခြင့္အေရးေတြ ရခဲ့ျပီး ျဖစ္တယ္။

တစ္ေန႔မွာ ဆံုးျဖတ္ခ်က္ၾကီးေတြလည္း က်ေနာ္ ခ်ရင္ ခ်ရဖို႔ ရွိမွာေပါ့။ အဲ့ဒီက် သတိေပးခ်က္ ထုတ္ရင္ ထုတ္ရလိမ့္မယ္။ ဒီလို အၾကိမ္ၾကိမ္ဆို တခ်ိန္မွာ ဒီမွာ သူတို႔ ရွိခ်င္မွ ရွိလိမ့္ေတာ့မယ္။ ဒါကို စဥ္းစားဖို႔ လိုတယ္။” လို႔ ဆိုးရွားက ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ဟာ ညက ဒါဘီနဲ႕ အက္ဖ္ေအဖလားပြဲမွာ အနုိင္ရခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္သို႔ တက္ေရာက္သြားျပီ ျဖစ္ျပီး ေနာက္တစ္ဆင့္မွာ ေနာ၀စ္ခ်္နဲ႕ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။