၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားတွေ ထွက်လာခြင်းနဲ့ အတူ စီးတီး အတွက် အရေးပါတဲ့ ပွဲနေ့များ

ပရီးမီးယားလိဂ် ၂၀၂၄-၂၀၂၅ ရာသီသစ်အတွက် ပွဲချိန်ဇယားတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး ရာသီသစ်ကို အိုးထရက်ဖို့ဒ်မှာ ကစားမယ့် သောကြာနေ့ညနေပွဲစဉ်နဲ့ နောက်ထပ်တစ်ကြိမ် စတင်သွားမှာပါ။

မန်ချက်စတာယူနိုက်တက်က ဖူလ်ဟမ်ကို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အစ်ပ်ဆွစ်ချ်တောင်းနည်းပြ ကီရန် မက်ကန်နာဟာ အန်းဆလော့နဲ့ လီဗာပူးလ်တို့ကို ပို့တ်မန်းရုဒ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာပါ။

မန်ချက်စတာစီးတီးကတော့ စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားရောက်ပြီး ၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကာကွယ်မယ့် ခရီးလမ်းကို စတင်သွားရမှာဖြစ်ပြီး ဂွါဒီယိုလာကို လက်ထောက်နည်းပြဟောင်း မာရက်စ်ကာက ချဲလ်ဆီးနည်းပြအဖြစ်နဲ့ ကြိုဆိုသွားမှာပါ။

ပွဲစဉ် ၁ ကို ၄ ရက်အတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲကစားမယ့်အချိန်တွေကိုလည်း အတည်ပြုထားပြီးသားဖြစ်တာကြောင့် ဩဂုတ်လမြန်မြန်ရောက်ဖို့သာ ပရိသတ်တွေ စောင့်ဆိုင်းရတော့မှာပါ။

ဘောလုံးပွဲဆက်တွေများတဲ့ ခရစ္စမတ်ကာလ ဘောက်ဆင်ဒေးကလည်း မပြောမဖြစ်ဖြစ်ပြီး ချဲလ်ဆီးဟာ အနီးဆုံးဖြစ်တဲ့ လန်ဒန်ပြိုင်ဘက် ဖူလ်ဟမ်အိမ်ကွင်းကို သွားကစားရမှာဖြစ်ပေမယ့် အက်စတန် ဗီလာပရိသတ်တွေကတော့ ခရစ္စမတ်ကာလမှာ နယူးကာဆယ်အိမ်ကွင်းအထိ ခရီးနှင်ရမှာပါ။

ပရီးမီးယားလိဂ်ရဲ့ ရပ်တည်မှုတွေကို အဆုံးအဖြတ်ပေးနိုင်တာက နောက်ဆုံးရာသီပိတ်ပွဲစဉ်ဖြစ်မယ်ဆိုရင် ခက်ခဲတဲ့ နောက်ဆုံးပွဲစဉ်အချို့လည်း ရှိလာနိုင်ပြီး အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ နောက်ဆုံးပွဲစဉ်အထိ မန်စီးတီးကို ဖိအားပေးနိုင်ခဲ့တာပါ။

ဒီရာသီမှာလည်း အလားတူ ထပ်ဖြစ်မယ်ဆိုရင် အာဆင်နယ်ဟာ ဆောက်သမ်တန် အိမ်ကွင်းကို သွားကစားရမှာဖြစ်ပြီး မန်စီးတီးလည်း ဖူလ်ဟမ်ရဲ့ ခရာဗင် ကော့တေ့ချ်ကို သွားကစားရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းကတော့ ဥရောပဝင်ခွင့်အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့အချိန်မှာ အက်စတန် ဗီလာကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရာသီပိတ်ပွဲစဉ်အားလုံးကို ညနေ ၄ နာရီမှာ တချိန်တည်းကစားသွားမှာပါ။

၂၀၂၄-၂၀၂၅ ရာသီရဲ့ အဖွင့်ပွဲစဉ်တွေ၊ နောက်ဆုံးပွဲစဉ်တွေနဲ့ ဘောက်ဆင်ဒေးပွဲစဉ်တွေကို ပရိသတ်တွေ မှတ်သားထားနိုင်အောင် တစ်စုတစည်းတည်း ဖော်ပြပေးလိုက်ပါတယ်။

အဖွင့်ရက်သတ္တပတ်

၁၆.၈.၂၀၂၄(မန်ချက်စတာယူနိုက်တက်-ဖူလ်ဟမ်)
၁၇.၈.၂၀၂၄(အစ်ပ်ဆွစ်ချ်-လီဗာပူးလ်)၊(အာဆင်နယ်-ဝုဗ်)၊ (အဲဗာတန်-ဘရိုက်တန်)၊ (နယူးကာဆယ်၊ ဆောက်သမ်တန်)၊(ဖောရက်စ်-ဘုန်းမောက်)၊ (ဝက်စ်ဟမ်း-ဗီလာ)
၁၈.၈.၂၀၂၄(ဘရန့်တ်ဖို့ဒ်-ပဲလေ့စ်)၊ (ချဲလ်ဆီး-မန်စီးတီး)
၁၉.၈.၂၀၂၄(လက်စတာ-စပါး)

ဘောက်ဆင်ဒေးပွဲစဉ်များ

၂၆.၁၂.၂၀၂၄(ဘုန်းမောက်-ပဲလေ့စ်)၊(အာဆင်နယ်-အစ်ပ်ဆွစ်ချ်)၊ (ဘရိုက်တန်-ဘရန့်တ်ဖို့ဒ်)၊ (ချဲလ်ဆီး-ဖူလ်ဟမ်)၊ (လီဗာပူးလ်-လက်စတာ)၊(မန်စီးတီး-အဲဗာတန်)၊ (နယူးကာဆယ်-ဗီလာ)၊ (ဖောရက်စ်-စပါး)၊ (ဆောက်သမ်တန်-ဝက်စ်ဟမ်း)၊(ဝုဗ်-မန်ယူနိုက်တက်)

ရာသီနောက်ဆုံးနေ့ပွဲစဉ်များ

၂၅.၅.၂၀၂၅(ဘုန်းမောက်-လက်စတာ)၊(ဖူလ်ဟမ်-မန်စီးတီး)၊(အစ်ပ်ဆွစ်ချ်-ဝက်စ်ဟမ်း)၊(လီဗာပူးလ်-ပဲလေ့စ်)၊(မန်ယူနိုက်တက်-ဗီလာ)၊(နယူးကာဆယ်-အဲဗာတန်)၊ (ဖောရက်စ်-ချဲလ်ဆီး)၊ (ဆောက်သမ်တန်-အာဆင်နယ်)၊(စပါး-ဘရိုက်တန်)၊(ဝုဗ်-ဘရန့်တ်ဖို့ဒ်)