အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်မယ်ဆိုတဲ့ ယူနိုက်တက် VS မန်စီးတီးပွဲအတွက် စကိုင်းစပေါ့ ခန့်မှန်း
ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် ယူနိုက်တက်နဲ့ မန်စီးတီးတို့ ထိပ်တိုက် တွေ့ကြမှာဖြစ်ပြီး ဒီပွဲက နှစ်သင်းလုံးအတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါမယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ခိုက်နေတာဖြစ်ပြီး ရလဒ်ကောင်းတွေ ဆက်တိုက်ရဖို့ လိုအပ်နေတာပါ။ မန်စီးတီးကလည်း မကြာခင် ယှဉ်ပြိုင်ရတော့မယ့် လီဗာပူးနဲ့ပွဲမှာ ပြိုင်ဘက်ကြီးကို ချန်ပီယံအဖြစ် ကြိုဆိုရဖို့ မဖြစ်လာအောင် နိုင်ပွဲတွေကို ဆက်ယူရဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ချာလီနီကိုးလက်စ်က ” သိပ်ကောင်းတဲ့ စူပါဆန်းဒေးပွဲပါပဲ။ မန်စီးတီးက အမှတ်ပေးဖလားကို အနိုင်ရဖို့ မဖြစ်နိုင်တော့ပေမယ့် ဒီပွဲကို အရေးနိမ့်မယ်ဆိုရင် လီဗာပူးက မန်ချက်စတာကို လာရမယ့် သီတင်းပတ် အနည်းငယ်အတွင်း ရိုက်ခတ်နိုင်မယ့် အလားအလာကို သူတို့ သိပါတယ်။
ဒီရာသီ အီးသီဟတ်မှာ ယူနိုက်တက်က မန်စီးတီးကို အနိုင်ယူခဲ့ပြီးပါပြီ။ ဒါပေမယ့် ကာရာဘောင်း ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အိုထရတ်ဖိုဒ့်မှာ စီးတီးက အနိုင်ယူခဲ့တယ်။ ယူနိုက်တက်ပရိသတ်တွေရဲ့ တောင်းဆိုမှုအရ ဒီပွဲမှာ သူတို့က ခံစစ်အထိုင်ချပြီး ကစားမှာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ အိမ်ကွင်းမှာ မန်စီးတီးကို ထိပ်တိုက် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒါက မန်စီးတီးအတွက် ပိုသဘောကျဖို့ကောင်းတဲ့ အနေအထား ဖြစ်ပါတယ်။
ဒီရာသီရဲ့ ပထမဆုံး ဆုဖလားကို အနိုင်ရခဲ့ပြီးတဲ့နောက် ပပ်ဂွာဒီယိုလာက သူ့ရဲ့ အကောင်းဆုံးအသင်းကို ထုတ်သုံးလာမှာဖြစ်တယ်။ ယူနိုက်တက်က ခံစစ်ပိုင်းမှာ ကောင်းမွန်ပြီး ကောင်တာတိုက်စစ် ကောင်းမွန်တဲ့ အသင်းဖြစ်ပေမယ့် စတာလင်နဲ့ ဒီဘရိုင်း တို့နဲ့ မန်စီးတီးက ယူနိုက်တက်ကို အနိုင်ယူနိုင်ဆဲဖြစ်တယ်။ ကြံ့ခိုင်မှုပိုင်းမှာ သူတို့ သက်သေပြနိုင်မယ်လို့ ထင်ပါတယ် ” လို့ သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ မန်စီးတီးပွဲအတွက် ချာလီ နီကိုးလက်စ်ရဲ့ ပွဲရလဒ် ခန့်မှန်းကတော့ ယူနိုက်တက် ၁ မန်စီးတီး ၃ လို့ ဖြစ်ပါတယ်။
ZAWGYI
ဒီအပတ္မွာ ပရီးမီးယားလိဂ္ ပြဲၾကီးပြဲေကာင္းအျဖစ္ ယူႏုိက္တက္နဲ႔ မန္စီးတီးတို႔ ထိပ္တိုက္ ေတြ႔ၾကမွာျဖစ္ျပီး ဒီပြဲက ႏွစ္သင္းလံုးအတြက္ အေရးပါတဲ့ ပြဲတစ္ပြဲ ျဖစ္လာပါမယ္။
ယူႏုိက္တက္ဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ တိုက္ခုိက္ေနတာျဖစ္ျပီး ရလဒ္ေကာင္းေတြ ဆက္တိုက္ရဖို႔ လိုအပ္ေနတာပါ။ မန္စီးတီးကလည္း မၾကာခင္ ယွဥ္ျပိဳင္ရေတာ့မယ့္ လီဗာပူးနဲ႔ပြဲမွာ ျပိဳင္ဘက္ၾကီးကို ခ်န္ပီယံအျဖစ္ ၾကိဳဆိုရဖို႔ မျဖစ္လာေအာင္ ႏုိင္ပြဲေတြကို ဆက္ယူရဖို႔ လိုအပ္ေနဆဲ ျဖစ္ပါတယ္။
ခ်ာလီနီကိုးလက္စ္က ” သိပ္ေကာင္းတဲ့ စူပါဆန္းေဒးပြဲပါပဲ။ မန္စီးတီးက အမွတ္ေပးဖလားကို အႏုိင္ရဖို႔ မျဖစ္ႏိုင္ေတာ့ေပမယ့္ ဒီပြဲကို အေရးနိမ့္မယ္ဆိုရင္ လီဗာပူးက မန္ခ်က္စတာကို လာရမယ့္ သီတင္းပတ္ အနည္းငယ္အတြင္း ရိုက္ခတ္ႏုိင္မယ့္ အလားအလာကို သူတို႔ သိပါတယ္။
ဒီရာသီ အီးသီဟတ္မွာ ယူႏုိက္တက္က မန္စီးတီးကို အႏုိင္ယူခဲ့ျပီးပါျပီ။ ဒါေပမယ့္ ကာရာေဘာင္း ဆီမီးဖိုင္နယ္ ပထမအေက်ာ့အျဖစ္ အိုထရတ္ဖိုဒ့္မွာ စီးတီးက အႏုိင္ယူခဲ့တယ္။ ယူႏုိက္တက္ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈအရ ဒီပြဲမွာ သူတို႔က ခံစစ္အထုိင္ခ်ျပီး ကစားမွာ မဟုတ္ပါဘူး။ ကိုယ္ရဲ႕ အိမ္ကြင္းမွာ မန္စီးတီးကို ထိပ္တိုက္ ယွဥ္ျပိဳင္ကစားမွာျဖစ္ျပီး ဒါက မန္စီးတီးအတြက္ ပိုသေဘာက်ဖို႔ေကာင္းတဲ့ အေနအထား ျဖစ္ပါတယ္။
ဒီရာသီရဲ႕ ပထမဆံုး ဆုဖလားကို အႏုိင္ရခဲ့ျပီးတဲ့ေနာက္ ပပ္ဂြာဒီယိုလာက သူ႔ရဲ႕ အေကာင္းဆံုးအသင္းကို ထုတ္သံုးလာမွာျဖစ္တယ္။ ယူႏုိက္တက္က ခံစစ္ပိုင္းမွာ ေကာင္းမြန္ျပီး ေကာင္တာတိုက္စစ္ ေကာင္းမြန္တဲ့ အသင္းျဖစ္ေပမယ့္ စတာလင္နဲ႔ ဒီဘရိုင္း တို႔နဲ႔ မန္စီးတီးက ယူႏုိက္တက္ကို အႏုိင္ယူႏုိင္ဆဲျဖစ္တယ္။ ၾကံ႕ခိုင္မႈပိုင္းမွာ သူတို႔ သက္ေသျပႏုိင္မယ္လို႔ ထင္ပါတယ္ ” လို႔ သံုးသပ္သြားခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္နဲ႔ မန္စီးတီးပြဲအတြက္ ခ်ာလီ နီကိုးလက္စ္ရဲ႕ ပြဲရလဒ္ ခန္႔မွန္းကေတာ့ ယူႏုိက္တက္ ၁ မန္စီးတီး ၃ လို႔ ျဖစ္ပါတယ္။