အင်္ဂလန်လူစာရင်းကနေ ဖိုဒန်ကို ထုတ်ထားဖို့ လီဗာပူးနဲ့ အာဆင်နယ် ကစားသမားဟောင်းတွေ နှိုးဆော်နေ

အင်္ဂလန် အသင်း နည်းပြ ဆောက်ဂိတ် အနေနဲ့ လူစာရင်းမှာ ဖိုဒန် ကို ချန်လှပ်ပြီး အဲဗာတန်မှ တိုက်စစ်သမား ဂေါ်ဒွန် ကို ပွဲထွက် အသုံးပြု သင့်တယ်လို့ ဂန်းနား တောင်ပံ ကစားသမားဟောင်း ဝဲလ်ကော့ က ပြောကြား လိုက်ပါတယ်။

ဖိုဒန်ဟာ ဆားဘီးယား၊ ဒိန်းမတ်နဲ့ ပွဲတွေမှာ ပွဲထွက် ကစားခဲ့ပေမယ့် အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ်။ ဒါကြောင့် ဖိုဒန် ထက်စာရင် ဂေါ်ဒွန် ၊ အက်ဇေး တို့ကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးပြုဖို့ တိုက်တွန်းမှုတွေ များလာနေပါတယ်။

ဝဲလ်ကော့ က ဆိုရင် ” ကျနော်ကတော့ အန်တိုနီ ဂေါ်ဒွန် ကို ကြိုက်ပါတယ်။ သူဟာ ပြိုင်ဘက် နောက်ခံလူတွေကို စိန်ခေါ် ကစားရဲသူပါ ၊ သူ ဘာလုပ်မလဲဆိုတာ ပြိုင်ဘက် က ခန့်မှန်း ရသူမျိုးပေါ့၊ သူက အသင်းကို ခြားနားတဲ့ ကစားဟန် တစ်ခုကို ပေးနိုင်စွမ်း ရှိပါတယ်။ ”

” လက်ရှိ အချိန်မှာ ဖိုဒန် နဲ့ ပတ်သက်ပြီး ဆွေးနွေး ငြင်းခုန်မှုတွေ များနေပါတယ် ၊ သူ့နေရာမှာ ဘယ်သူ့ကို ကစားခိုင်းတာ အကောင်းဆုံး ဖြစ်မလဲပေါ့။ ဖိုဒန်ရဲ့ အရည်အသွေး ကို မရတဲ့ အခါမျိုးမှာ ဂေါ်ဒွန် ကို ထည့်ကစားတာ အကောင်းဆုံးပါပဲ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

လီဗာပူးကစားသမားဟောင်း ကာရေဂါကလည်း ‘ ကံမကောင်းစွာဘဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦးဖြစ်တဲ့ ထရန့်နဲ့ ဖိုဒန်တို့ကို အခုချိန်မှာ စတေးရပါမယ်။ အသင်းရဲ့ တည်ဆောက်မှုအရ သူတို့ထံကနေ အကောင်းဆုံး မရနိုင်သလို၊ သူတို့အသင်းဖော်တွေလည်း အကောင်းဆုံး မလုပ်နိုင်ပါဘူး။ ‘ လို့ သတိပေးနေတာပဲ ဖြစ်ပါတယ်။