ယူနိုက်တက်နဲ့ မန်စီးတီးပွဲမှာ သရဲနီတွေ မရံှူးနိုင်ပါဘူးလို့ ခန့်မှန်းလိုက်တဲ့ လော်ရိုး
မန်ချက်စတာဒါဘီအဖြစ် အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲမှာတော့ နှစ်ဘက်အသင်းက ကွင်းလယ်ပိုင်းကို အားပြိုင်ကြမှာဖြစ်ပြီး ကျဉ်းမြောင်းတဲ့ ရလဒ် ထွက်ပေါ်လိမ့်မယ်လို့ လော်ရိုးက မြင်ပါတယ်။
မန်ချက်စတာဒါဘီပွဲအတွက် လော်ရိုးက သုံးသပ်ရာမှာ ” ရာသီနောက်ပိုင်းမှာ ယူနိုက်တက်က ပိုကောင်းလာနေပါတယ်။ သူတို့က ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ရယူဖို့ အခွင့်အရေး ရှိလာနေတဲ့ အသင်းဖြစ်တယ်။ မန်စီးတီးရဲ့ လက်တလော အနေအထားကိုလည်း ကျနေ်ာ သဘောတွေ့ပါတယ်။
ဂွာဒီယိုလာရဲ့ အသင်းကို အခုကနေ စပြီး ရာသီကုန်ထိ အကောင်းဆုံး ဖြစ်နေစေဖို့ရာ ဒီဘရိုင်းရဲ့ စွမ်းဆောင်ရည်က ကြီးကြီးမားမား သက်ရောက်မှု ကြီးလာမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လို့ ပုခုံးဒဏ်ရာကြောင့် ဒီပွဲကို ဒီဘရိုင်းက လွဲချော်ဖွယ် ရှိနေပါတယ်။ သူ ပွဲထွက် ကစားနိုင်မလား မကစားနိုင်ဘူးလားဆိုတာက မန်စီးတီး အနိုင်ရဖို့အတွက် ကြီးကြီးမားမား ခြားနားသွားနိုင်ပါတယ်။
ဒီပွဲမှာ ကွင်းလယ် အားပြိုင်မှုက အရေးကြီးမယ်လို့ ထင်ပါတယ်။ ဒီအပိုင်းကပဲ မန်စီးတီးကို ထိပ်တန်းအသင်းအဖြစ် ရှိနေစေတာဖြစ်ပြီး ယူနိုက်တက်ကို တိုးတက်လာစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တော်မီနေးနဲ့ မာတစ်တို့ ကြံ့ခိုင်နေသလို ဖာနန်ဒက်စ်ကလည်း အကောင်းဆုံး ခြေစွမ်းပြနေတယ်။ ဒီပွဲမှာ ယူနိုက်တက်က ပြိုင်ဆိုင်နိုင်စွမ်းတွေကို ပြသမှာဖြစ်ပြီး ခြေစွမ်း မတိမ်းမယိမ်းဖြစ်မယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ် ” လို့ ဖြစ်တယ်။
အိုထရတ်ဖိုဒ့်က ယူနိုက်တက်နဲ့ မန်စီးတီးပွဲကို လော်ရိုးကတော့ တစ်ဘက်ကို တစ်ဂိုးစီ သွင်းယူပြီး သရေကျသွားမယ်လို့ ခန့်မှန်းသွားတာ ဖြစ်ပါတယ်။
ZAWGYI
မန္ခ်က္စတာဒါဘီအျဖစ္ အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားရမယ့္ ပြဲမွာေတာ့ ႏွစ္ဘက္အသင္းက ကြင္းလယ္ပိုင္းကို အားျပိဳင္ၾကမွာျဖစ္ျပီး က်ဥ္းေျမာင္းတဲ့ ရလဒ္ ထြက္ေပၚလိမ့္မယ္လို႔ ေလာ္ရိုးက ျမင္ပါတယ္။
မန္ခ်က္စတာဒါဘီပြဲအတြက္ ေလာ္ရိုးက သံုးသပ္ရာမွာ ” ရာသီေနာက္ပိုင္းမွာ ယူႏုိက္တက္က ပိုေကာင္းလာေနပါတယ္။ သူတို႔က ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကို ရယူဖို႔ အခြင့္အေရး ရွိလာေနတဲ့ အသင္းျဖစ္တယ္။ မန္စီးတီးရဲ႕ လက္တေလာ အေနအထားကိုလည္း က်ေန္ာ သေဘာေတြ႔ပါတယ္။
ဂြာဒီယိုလာရဲ႕ အသင္းကို အခုကေန စျပီး ရာသီကုန္ထိ အေကာင္းဆံုး ျဖစ္ေနေစဖို႔ရာ ဒီဘရိုင္းရဲ႕ စြမ္းေဆာင္ရည္က ၾကီးၾကီးမားမား သက္ေရာက္မႈ ၾကီးလာမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္လို႔ ပုခံုးဒဏ္ရာေၾကာင့္ ဒီပြဲကို ဒီဘရိုင္းက လြဲေခ်ာ္ဖြယ္ ရွိေနပါတယ္။ သူ ပြဲထြက္ ကစားႏုိင္မလား မကစားႏုိင္ဘူးလားဆိုတာက မန္စီးတီး အႏုိင္ရဖို႔အတြက္ ၾကီးၾကီးမားမား ျခားနားသြားႏုိင္ပါတယ္။
ဒီပြဲမွာ ကြင္းလယ္ အားျပိဳင္မႈက အေရးၾကီးမယ္လို႔ ထင္ပါတယ္။ ဒီအပိုင္းကပဲ မန္စီးတီးကို ထိပ္တန္းအသင္းအျဖစ္ ရွိေနေစတာျဖစ္ျပီး ယူႏုိက္တက္ကို တိုးတက္လာေစတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေတာ္မီေနးနဲ႔ မာတစ္တို႔ ၾကံ႕ခိုင္ေနသလို ဖာနန္ဒက္စ္ကလည္း အေကာင္းဆံုး ေျခစြမ္းျပေနတယ္။ ဒီပြဲမွာ ယူႏုိက္တက္က ျပိဳင္ဆုိင္ႏုိင္စြမ္းေတြကို ျပသမွာျဖစ္ျပီး ေျခစြမ္း မတိမ္းမယိမ္းျဖစ္မယ့္ ပြဲတစ္ပြဲ ျဖစ္ပါတယ္ ” လို႔ ျဖစ္တယ္။
အိုထရတ္ဖိုဒ့္က ယူႏုိက္တက္နဲ႔ မန္စီးတီးပြဲကို ေလာ္ရိုးကေတာ့ တစ္ဘက္ကို တစ္ဂိုးစီ သြင္းယူျပီး သေရက်သြားမယ္လို႔ ခန္႔မွန္းသြားတာ ျဖစ္ပါတယ္။