ဒီအတိုင်း ဆက်သွားရင် ထိပ်စီးပြောင်းဖွယ်ရှိလာတဲ့ ယနေ့ ပြည်တွင်းရွှေစျေး (ဇွန် ၂၆)
June 26, 2024 | No Comments
ရွှေအသင်းစျေး ပါးပါးချင်း ကျဆင်းလာသလို ပြင်ပရွှေစျေးကလည်း အတက်ထက် ဖြေးဖြေးချင်း ကျဆင်းနေပါတယ်။ ရွှေအသင်းဘက်က ၄၅ သိန်းအောက်ကို ရောက်အောင် ဆွဲချနေပြီး အရောင်းအဝယ် မဖြစ်မှုနဲ့အတူ ပြည်ပရွှေစျေးကလည်း အတက်မရှိဖြစ်နေတာပါ။
ယခုလို စျေးတန်းနှစ်ခု ကွာဟချက်ကြောင့် အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ စျေးကွက်တွင်းကနေ သိရပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇွန်လ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၂၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၂၆၅၀၈ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၃၁၈၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
၅၀၀၅၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
