အင်္ဂလန် စွမ်းဆောင်ရည် မကောင်းလို့ ဝေဖန်ခံလာရတဲ့ မန်စီးတီး ကစားသမားများ

ဂါရက်ဆောက်ဂိတ် အနေနဲ့ ဆလိုဗက်ကီးယားနဲ့ ယူရို ရှုံးထွက်ပွဲစဉ်မှာ သူ့ရဲ့ အသင်းကို အပြောင်းအလဲ မဖြစ်မနေ လုပ်သွားရလိမ့်မယ်လို့ အင်္ဂလန်ဘောလုံးသုံးသပ်သူတွေ ထောက်ပြ​နေပါတယ်။

အင်္ဂလန်ဟာ အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့်ကို တက်လာခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်းအရ ဝေဖန်မှုတွေ များစွာ ရရှိနေပါတယ်။ အလန်ရှီးယားကတော့ ပွဲပြီးခါနီးမှ ဝင်လာခဲ့တဲ့ ဂေါ်ဒွန်ကတောင် ဆာကာ ဖိုဒန် ကိန်း တို့ထက် ပွဲအပေါ် ပိုမို သက်ရောက်မှု ပေးနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

ဆလိုဗက်ကီးယားပွဲအတွက်လည်း ရှီးယားက “ ဂါရက် အနေနဲ့ လာမည့် ပွဲစဉ်မှာ အပြောင်းအလဲတွေ လုပ်သွားရတော့မယ် ဆိုတာ ကတော့ လုံး၀ သံသယ ဖြစ်စရာ မရှိပါဘူး။ အထူးသဖြင့် ဘယ်ခြာ တောင်ပံ ၂ ဘက် နဲ့ ကွင်းလယ်ပိုင်းက တစ်နေရာမှာ ဖြစ်ပါတယ်။” လို့ တိုက်တွန်းခဲ့တယ်။

RTE သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဟာမန်း ကလည်း ” နာမည်ကြီး ကစားသမားတွေကို ဆက်သုံးပြီး ၊ သူတို့ မစွမ်းဆောင်ပြနိုင်တာကို ရှင်းရှင်းလင်းလင်း မြင်ရရင်တော့ သူတို့ကို အရန်ခုံ ပို့ဖို့ အကြောင်း ပေါ်လာပါပြီ ။ ဖိုဒန် ၊ ဘယ်လင်ဂမ်နဲ့ ကိန်းတို့ကို အရန်ခုံ ပို့ဖို့ အကြောင်း ဖန်လာပါပြီ ။ ” လို့ မှတ်ချက်ပေးပါတယ်။

အင်္ဂလန်ဘောလုံးဝေဖန်ရေးသမား ဂယ်ရီနဗီးကတော့ လာမယ့် ဆလိုဗက်ကီးယား အသင်းနဲ့ ယူရိုပြိုင်ပွဲမှာ ဝေါ်ကာကို ထုတ်ပြီး ထရန့်ထည့်ဖို့ တိုက်တွန်းခဲ့သေးတာ ဖြစ်ပါတယ်။