အမေရိကန် ဒေါ်လာ (၂၀) ဘီလီယံ အကုန်အကျခံခဲ့ပေမယ့် ပင်လယ်ထဲ နစ်မြုပ်သွားတော့မယ့် လေယာဉ်ကွင်း
ဂျပန်နိုင်ငံ အိုဆာကာမြို့အနီး၊ အိုဆာကာပင်လယ်အော်ထဲမှာ ဆောက်လုပ်ထားတဲ့
Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ နောက်လာမည့်နှစ် (၂၀) ဝန်းကျင်မှာ ပင်လယ်ထဲကိုလုံးဝ နစ်မြုပ်သွားဖို့ရှိနေပါတယ်။
ဒီလေယာဉ်ကွင်းဟာ ပင်လယ်ထဲမှာမြေဖို့ပြီး ဖန်တီးထားတဲ့ လူလုပ်ကျွန်းတုပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရေအောက် (၅၉) ပေ၊ ရေပေါ် (၆၆) ပေ မြေဖို့ ဖို့အတွက် တောင် (၂) လုံးကိုတူးဖော်ခဲ့ရသလို တည်ဆောက်မှုနဲ့ ပြင်ဆင်ကုန်ကျစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၀) ဘီလီယံလောက်ထိရှိပါတယ်။
ဒါပေမယ့်လည်း လေဆိပ်ဖွင့်လှစ်ပြီးမကြာခင်မှာပဲ ရေအောက်ကိုနိမ့်ဆင်းမှုနှုန်းဟာ တစ်နှစ်ထက် တစ်နှစ်ပိုပိုပြီး မြန်ဆန်လာတာကြောင့် လာမည့် နှစ်ပေါင်း (၂၀) ဝန်းကျင်မှာရေအောက်ကို လုံးလုံးရောက်ရှိသွားတော့ဖြစ်ပါတယ်။
နည်းပညာပိုင်းအရ ဒီလေယာဉ်ကွင်းကိုရေအောက်မရောက်အောင် တားဆီးကာကွယ်ဖို့နည်းလမ်းတွေရှိနေပေမယ့် ကုန်ကျစရိတ်က ကြီးမားလွန်းတာကြောင့် ဂျပန်အစိုးရအတွက်တော့ ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ခုဖြစ်လို့နေပါတယ်။
