ဂိုးသမား အီဒါဆန်ကို ဆော်ဒီဘက်က ချိတ်ဆက်နေ၊ ကင်မစ်ကို ခေါ်နိုင်ဖွယ်ရှိနေခြင်းနဲ့ မန်စီးတီး အပြောင်းအရွှေ့ သတင်းတိုများ စုစည်းမှု
မန်စီးတီး ဂိုးသမား အီဒါဆင်ကို ဆော်ဒီကလပ်တွေ ချိတ်ဆက်နေပြီး မန်စီးတီး ဘက်ကတော့ ဘရာဇီး ဂိုးသမားဘက်က ထွက်ခွာရန် တောင်းဆိုလာပါက ၎င်းကို လက်လွှတ်ပေးသွားရန် အသင့် ဖြစ်နေပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အယ်နာဆာအသင်းဟာ အီဒါဆန်ကို တစ်နှစ်လုပ်ခ ယူရို သန်း ၃၀ ပေးမယ့် ၂ နှစ်စာချုပ် ကမ်းလှမ်းထားပါတယ်။ မန်စီးတီးအသင်းနဲ့တော့ ပြောင်းရွှေ့ကြေး မပြောရသေးပါဘူး။
မန်စီးတီးဟာ အီဒါဆန်ကို လက်လွတ်ရမယ်ဆိုရင် အော်တေဂါကို ပွဲထွက်ဂိုးသမားနေရာ တိုက်ရိုက် အသုံးပြုဖွယ်ရှိတယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကင်မစ်ဟာ ဒီနွေမှာ အသင်းပြောင်းဖို့ သေချာသဘောက် ရှိနေပြီး နည်းပြဟောင်း ဂွာဒီယိုလာရှိတဲ့ မန်စီးတီးထံ ရောက်ရှိဖို့ စိတ်အားထက်သန်နေပါတယ်။
ယူရိုကနေ ထွက်ခွာရပြီးနောက် အားလပ်ရက်ကို အေးအေးဆေးဆေး ဖြတ်သန်းပြီးမှ အနာဂတ်ကိစ္စ စဉ်းစားမယ်လို့ ဒီဘရိုင်းက ပြောလာပါတယ်။
မန်စီးတီးဟာ ဆောက်သမ်တန် လူငယ်လေး ဟယ်ရီဆန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ ကွင်းလယ်လူကို အာဆင်နယ်ကလည်း စိတ်ဝင်စားပေမယ့် စီးတီးက လက်ဦးခဲ့တာပါ။
မန်စီးတီးဟာ ဂျီရိုနာမှာ ကစားနေတဲ့ ဘရာဇီးတောင်ပံသမား ဆာဗီယိုကို လာမယ့်ရာသီ နည်းပြဂွာဒီယိုလာရဲ့ လူစာရင်းထဲ ပေါင်းထည့်ပေးသွားတော့မှာပါ။
