ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားက ဒီခြေမျိုး မဟုတ်ဘူးလို့ ဖွင့်ချလိုက်တဲ့ ဖိုဒန်

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆိုတာ အင်္ဂလန်အသင်းမှာ သက်သေပြသွားမယ်လို့ မန်စီးတီးတိုက်စစ်ကစားသမား ဖီးလ်ဖိုဒန်က ပြောသွားပါတယ်။

ဖိုဒန်ဟာ မနှစ်က ပရီးမီးယားလိဂ်မှာ တနှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့သူဖြစ်ပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာတော့ ခြေစွမ်းပြဖို့ရုန်းကန်နေရတာပါ။

လိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပေမဲ့ အင်္ဂလန်အသင်းမှာ သက်သေပြသနိုင်ခြင်း မရှိသေးကြောင်းကို “ ကျနော် စိတ်ပျက်မိတာကို မညာပါဘူး။ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားအဖြစ် ဒီပြိုင်ပွဲကို လာရောက်ပေမယ့် ဒါကို မပြသထားနိုင်ပါဘူး။

ပွဲတိုင်းမှာ ကျနော် နည်းနည်းချင်း ပိုကောင်းလာနေလို့ အင်္ဂလန်အတွက် စွမ်းဆောင်ရည်ကောင်း ပြနိုင်ဖို့ ရည်မှန်းပါတယ်။ ဒါက အမြဲတမ်း ကျနော်ရဲ့ ရည်မှန်းချက်ပါ ” ဆိုပြီး ဖီးလ်ဖိုဒန်က ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်နဲ့ တွေ့ဆုံနေပါတယ်။