မန်စီးတီးရဲ့ အဓိက ပွဲထွက်သူ ဖြစ်လာနိုင်မယ့် အခွင့်အရေးကို မျှော်လင့်နေတဲ့ အရန်ကစားသမား
July 6, 2024 | No Comments
မန်စီးတီးအသင်း ဒုတိယဂိုးသမားဖြစ်တဲ့ ဂျာမန်ဂိုးသမား အော်တေဂါက လာမည့်ရာသီမှာ နံပါတ်တစ် ပွဲထွက်ဂိုးသမားဖြစ်လာဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
မနှစ်ကရာသီ ဘရာဇီးလ်ဂိုးသမား အီဒါဆန် ဒဏ်ရာပြဿနာနှင့် ကြုံတွေ့ခဲ့ရချိန် မန်စီးတီးပွဲတွေမှာ အော်တေဂါ လက်စွမ်းပြခဲ့တာပါ။
မန်စီးတီး အဓိက ဂိုးသမား အီဒါဆန်ဟာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်နေပြီး တစ်နှစ်လုပ်ခ ယူရို သန်း ၃၀ တန် ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခြင်း ခံထားရပါတယ်။
ဆော်ဒီကလပ် အယ်နာဆာအသင်းဟာ အီဒါဆန်အတွက် မန်စီးတီးကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းဖွယ်လည်း ရှိနေတယ်။
စီးတီးတာဝန်ရှိသူတွေကတော့ အီဒါဆန်အတွက် စာချုပ်ကောင်းရမယ်ဆိုရင် နားထောင်ပေးမှာမို့ အော်တေဂါက ပွဲထွက်ဂိုးသမားဖြစ်လာဖို့ မျှော်လင့်နေခြင်းဖြစ်ပါတယ်။
