မန်စီးတီးအတွက် ဂွာဒီယိုလာ အလိုရှိနေတဲ့ ယူရိုကြယ်ပွင့် ကစားသမား

မန်စီးတီးအသင်းဟာ ယူရို ၂၀၂၄ မှာ ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦးကို အထူးစိတ်ဝင်စားနေကြောင်း သတင်းတွေ ကျယ်လောင်လာပါတယ်။

ယူရိုမှာ ချန်ပီယံခြေစွမ်း ပြသနေတဲ့ စပိန်အသင်းဟာ ခရိုအေးရှား၊ အီတလီ၊ အယ်လေးနီးယား၊ ဂျော်ဂျီယာနဲ့ အီတလီတို့ကို ကျော်ဖြတ်လာခဲ့တာပါ။ စပိန်အတွက် ခြေစွမ်းပြနေသူတွေထဲမှာ ကွင်းလယ်လူ အော်မိုလည်း ပါဝင်ပါတယ်။

လိုက်ဇစ် ကွင်းလယ်လူက တိုက်စစ်ပိုင်းအားသန်သူဖြစ်ကာ နေရာအတော်များများမှာ ကစားနိုင်ပါတယ်။ ဂျာမာန်သတင်းဌာန BILD က ဖော်ပြရာမှာ စီးတီးဟာ စပိန်သားလေးကို အာရုံစိုက်လာနေကာ ဂွာဒီယိုလာကလည်း အော်မိုရဲ့ အမာခံပရိသတ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဂွာဒီယိုလာ ကိုယ်တိုင်က ” အော်မိုက ကစားသမားကောင်းပါ၊ ကောင်းမွန်တဲ့ အနာဂတ်လည်း ရှိထားသူပါ ” လို့ ၂၀၁၉ တုန်းက ထုတ်ဖော်ခဲ့ဖူးပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားကို ခေါ်ယူလိုတယ်ဆိုရင် ဇူလိုင်လ ၁၅ ရက်နေ့ မတိုင်ခင်ထိ ယူရို သန်း ၆၀ ပေးရင် အသင်းပြောင်းခွင့်ရှိထားကြောင်းလည်း သိရတယ်။ အဲ့နောက်ပိုင်းမှာတော့ လိုက်ဇစ်ဘက်က ပိုများတဲ့ ပမာဏ တောင်းဆိုခွင့်ရှိပါတယ်။