အကောင်းဆုံးဆုထဲ ပါလာခြင်း၊ မန်စီးတီးပွဲကြို၊ သက်တမ်းတိုးကိစ္စနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး မန်နေဂျာဆုအတွက် ဆန်ကာတင်စာရင်းမှာ ယူနိုက်တက် နည်းပြ ဆိုးရှား ပါဝင်နေပြီး ၎င်းနဲ့ အတူ အာဆင်နယ်မှ အာတီတာ၊ ရှက်ဖီးမှ ဝိုင်ဒါ၊ ဘန်လေမှ ဒိုင်ချီတို့နဲ့အတူ ပါဝင်နေပါတယ်။

ပရီးမီးယားလိဂ် ဖေဖော်ဝါရီ အကောင်းဆုံး ကစားသမား ဆုမှာလည်း ယူနိုက်တက် ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ် ပါဝင်နေပြီး အာဆင်နယ်မှ အူဘာမီးယန်း၊ ချယ်ဆီးမှ အလွန်ဆိုတို့လည်း ဆန်ကာတင် ၆ဦးမှာ ပါဝင်ပါတယ်။

နည်းပြ ဆိုးရှားကတော့ လာမယ့် တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီ ပွဲ အပြီး အသင်းခေါင်းဆောင် မက်ဂွဲရား ဒဏ်ရာ ပြန်လည် သက်သာ ကောင်းမွန်လာဖို့ မျှော်လင့်နေပါတယ်။

ဒါဘီနဲ့ အက်ဖ်အေပွဲစဉ်မှာ အသင်း ဘတ်စ်ကားကနေ ဆင်းလာတဲ့ ယူနိုက်တက်ကစားသမား လင်ဂတ်ကို ၎င်းရဲ့ သွင်းဂိုးနဲ့ ထောက်ပံ့မှုများ အကြောင်း သရော်လှောင်ပြောင်ကာ လူမျိုးရေး ခွဲခြားတဲ့ အော်ဟစ်မှုတွေပါ ပြုလုပ်ခံခဲ့ရတဲ့ အပေါ် ယူနိုက်တက်က စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စီးတီးနဲ့ ဒါဘီပွဲက ခြေစွမ်းကောင်းရ နေတဲ့ မန်ချက်စတာယူနိုက်တက် အတွက် စမ်းသပ်မှုကြီး တစ်ရပ် ဖြစ်ပြီး ဒီပွဲမှာ အာရုံစူးစိုက်မှု လျော့ကျ မသွားဖို့ နည်းပြ ဆိုးရှားက ယူနိုက်တက် အသင်းသားတွေအား သတိပေးလိုက်ပါတယ်။

ယူနိုက်တက်နဲ့ ကွင်းလယ်ကစားသမား မာတစ် အခြေအနေက ကစားသမားနဲ့ စာချုပ် သက်တမ်း နှစ်လ ကျန်တဲ့အချိန်ထိ မရေရာသေးဘဲ ရှိနေပါတယ်။ မာတစ် လက်ရှိစာချုပ်မှာ သက်တမ်းထပ်တိုးခွင့် တစ်နှစ် ပါရှိသော်လည်း ကလပ်အသင်းဘက်က အခုထိ အသက်သွင်းခြင်း မရှိတာကြောင့် လာမယ့်နွေမှာ မာတစ် ထွက်ခွာရဖွယ် ရှိပါတယ်။

Zawgyi – ေဖေဖာ္ဝါရီလအတြက္ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆံုး မန္ေနဂ်ာဆုအတြက္ ဆန္ကာတင္စာရင္းမွာ ယူနိုက္တက္ နည္းျပ ဆိုးရွား ပါ၀င္ေနျပီး ၄င္းနဲ႕ အတူ အာဆင္နယ္မွ အာတီတာ၊ ရွက္ဖီးမွ ဝိုင္ဒါ၊ ဘန္ေလမွ ဒိုင္ခ်ီတို႔နဲ႔အတူ ပါဝင္ေနပါတယ္။

ပရီးမီးယားလိဂ္ ေဖေဖာ္၀ါရီ အေကာင္းဆံုး ကစားသမား ဆုမွာလည္း ယူနုိက္တက္ ကစားသမားသစ္ ဘရူနို ဖာနန္ဒက္စ္ ပါ၀င္ေနျပီး အာဆင္နယ္မွ အူဘာမီးယန္း၊ ခ်ယ္ဆီးမွ အလြန္ဆိုတုိ႔လည္း ဆန္ကာတင္ ၆ဦးမွာ ပါ၀င္ပါတယ္။

နည္းျပ ဆိုးရွားကေတာ့ လာမယ့္ တနဂၤေႏြေန႔ မန္စီးတီးနဲ႕ ရင္ဆုိင္ရမယ့္ မန္ခ်က္စတာဒါဘီ ပြဲ အျပီး အသင္းေခါင္းေဆာင္ မက္ဂြဲရား ဒဏ္ရာ ျပန္လည္ သက္သာ ေကာင္းမြန္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒါဘီနဲ႕ အက္ဖ္ေအပြဲစဥ္မွာ အသင္း ဘတ္စ္ကားကေန ဆင္းလာတဲ့ ယူနိုက္တက္ကစားသမား လင္ဂတ္ကို ၄င္းရဲ႕ သြင္းဂိုးနဲ႕ ေထာက္ပံ့မႈမ်ား အေၾကာင္း သေရာ္ေလွာင္ေျပာင္ကာ လူမ်ိဳးေရး ခြဲျခားတဲ့ ေအာ္ဟစ္မႈေတြပါ ျပဳလုပ္ခံခဲ့ရတဲ့ အေပၚ ယူနိုက္တက္က စံုစမ္း စစ္ေဆးသြားမွာ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

စီးတီးနဲ႕ ဒါဘီပြဲက ေျခစြမ္းေကာင္းရ ေနတဲ့ မန္ခ်က္စတာယူနုိက္တက္ အတြက္ စမ္းသပ္မႈၾကီး တစ္ရပ္ ျဖစ္ျပီး ဒီပြဲမွာ အာရံုစူးစိုက္မႈ ေလ်ာ့က် မသြားဖို႔ နည္းျပ ဆိုးရွားက ယူနုိက္တက္ အသင္းသားေတြအား သတိေပးလိုက္ပါတယ္။

ယူနိုက္တက္နဲ႕ ကြင္းလယ္ကစားသမား မာတစ္ အေျခအေနက ကစားသမားနဲ႕ စာခ်ဳပ္ သက္တမ္း နွစ္လ က်န္တဲ့အခ်ိန္ထိ မေရရာေသးဘဲ ရွိေနပါတယ္။ မာတစ္ လက္ရွိစာခ်ဳပ္မွာ သက္တမ္းထပ္တိုးခြင့္ တစ္နွစ္ ပါရွိေသာ္လည္း ကလပ္အသင္းဘက္က အခုထိ အသက္သြင္းျခင္း မရွိတာေၾကာင့္ လာမယ့္ေႏြမွာ မာတစ္ ထြက္ခြာရဖြယ္ ရွိပါတယ္။