ဒီလပ်ကို ၁ ပေါင်တည်းဖြင့် ရောင်းချခြင်း၊ ရိုဒရီရဲ့ ဘလွန်းဒီအောကိစ္စနဲ့ မန်စီးတီး သတင်းတိုများ

စပိန်နောက်ခံလူ ကာဗာဂျယ်ကတော့ ရီးရဲလ်အသင်းထံ ပြောင်းရွှေ့လာဖို့ လက်ရွေးစင် အသင်းဖော် မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို တိုက်တွန်းထားပါတယ်။

မန်စီးတီးအသင်းဟာ အသင်း လူငယ်တိုက်စစ်သမား ဒီလပ်ကို အစ်ဝစ်ချ်အသင်းထံ ၁ ပေါင်တည်းနဲ့ ရောင်းထုတ်လိုက်ကြောင်း ရိုမန်နိုက ပြောပါတယ်။ စွမ်းဆောင်ရည်အရ ပေါင် ၅ သန်းနဲ့ အနာဂတ် ရောင်းချမှုကနေ ၂၀% ခံစားခွင့်တွေ ပါဝင်ဦးမှာပါ။

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူတွေဟာ ဒီဘရိုင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှု ယူခဲ့ပါတယ်။

မန်စီးတီးက လာမယ့်ရာသီမှာ အီဒါဆန်ကော ဒီဘရိုင်းကိုပါ အသင်းမှာပဲ ဆက်ထိန်းထားနိုင်မယ် ယုံကြည်ချက် ရှိထားပါတယ်။

မန်ချက်စတာ စီးတီးကတော့ ပရီးမီးယားလိဂ် ဟာ သူတို့ကို မလျော်ကန်စွာ၊ တရားမျှတမှု မရှိစွာနဲ့ သူတို့ကို ဖိအားပေး စစ်ဆေးနေတယ် လို့ စွပ်စွဲလိုက်ပါတယ်။

ရိုဒရီက ဘလွန်းဒီအောဆု အောင်မြင်နိုင်သူ စာရင်းမှာ သူဟာ တစ်ဦးတည်းသော စပိန်သားဆိုတဲ့ ကိစ္စကို စိတ်မဝင်စားကြောင်းနဲ့ ယူရိုဖလားကိုပဲ အောင်မြင်လိုကြောင်း ထုတ်ပြောပါတယ်။