မန်ချက်စတာဒါဘီပွဲက ယူနိုက်တက် အတွက် မျှတမှု မရှိဘူးလို့ ဆိုးရှား စောဒကတက်

ယူနိုက်တက် နည်းပြ ဆိုးရှားက လာမယ့်တနင်္ဂနွေနေ့ စီးတီးနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီပွဲဟာ မျှတတဲ့ ပွဲစဉ် မဟုတ်ဘူးလို့ ယုံကြည်ကြောင်း စောဒကတက်လိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒါဘီအသင်းနဲ့ အက်ဖ်အေပွဲ ကစား အပြီး ၆၇ နာရီ အကြာမှာပဲ မန်စီးတီးနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

” ဒါက အက်ဖ်အေထံကနေ ကျနော်တို့ ရလိုက်တဲ့ အကူအညီပါပဲ” လို့ ဆိုးရှားက သရော်စကား ဆိုလိုက်ပါတယ်။

” ကျနော် ယုံကို မယုံနိုင်ပါဘူး။ ကျနေ်ာတို့ ပြိုင်ဘက်က နားချိန် ၂၄ နာရီ ပိုရထားတယ်။ တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီပွဲ ရှိတာတောင် ကြာသပတေးညမှာ ကျနေ်ာ်တို့ ပွဲကစားရတုန်းပဲ။ ဒါက ဘာအဓိပ္ပါယ် ရှိလို့လဲ။ ဒါက မျှတတဲ့ ပွဲစဉ် တစ်ပွဲ မဟုတ်ဘူး။ အဲဒီ ၂၄ နာရီက ကျနော်တို့ အတွက် အရေးကြီးတယ်။ ပွဲတစ်ပွဲကစားပြီး ပြန်လည် လန်းဆန်းလာဖို့ အချိန်တစ်ခု လိုတယ်။ ” လို့ ဆိုးရှားက ပြောကြားလိုက်ပါတယ်။

မန်စီးတီးကလည်း ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ရှက်ဖီးနဲ့ အက်ဖ်အေပွဲ ကစားခဲ့ရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ထက် တစ်ရက် စောတာကြောင့် နားရက် ပိုရခဲ့တာ ဖြစ်လို့ ဆိုးရှားက မကျေနပ် ဖြစ်နေပြီး အက်ဖ်အေသို့ တရားဝင် ကန့်ကွက်တာမျိုးတော့ ပြုလုပ်မှာ မဟုတ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ပွဲမှာ အသင်းခေါင်းဆောင် မက်ဂွဲရား ပါဝင်ကစားနိုင်ဖို့ နောက်ဆုံးအချိန်မှ စစ်ဆေးရဦးမှာ ဖြစ်ပြီး ဒန်နီရယ် ဂျိမ်းစ်နဲ့ ဝမ်ဘစ်ဆာကာ တို့ကိုလည်း စောင့်ကြည့်ရဆဲ ဖြစ်တယ်လို့သိရပါတယ်။

ဆိုးရှားက သူ့နည်းပြ မှတ်တမ်းထဲ အီတီဟက်မှာ ဒါဘီပွဲ နှစ်ကြိမ်နိုင်ထားတဲ့ မှတ်တမ်း ရှိထားပြီး ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း အသင်းကြီးတွေနဲ့ ဆုံတိုင်း မှတ်တမ်းကောင်းတဲ့ ဆိုးရှား တစ်ယောက် ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးကို ထပ်မံ ချေမှုန်းနိုင်ဦးမလား စောင့်ကြည့်ရဦးမှာပါ။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားက လာမယ့္တနဂၤေႏြေန႔ စီးတီးနဲ႕ ရင္ဆိုင္ရမယ့္ မန္ခ်က္စတာဒါဘီပြဲဟာ မွ်တတဲ့ ပြဲစဥ္ မဟုတ္ဘူးလို႔ ယံုၾကည္ေၾကာင္း ေစာဒကတက္လိုက္ပါတယ္။ ယူနိုက္တက္ဟာ ဒါဘီအသင္းနဲ႕ အက္ဖ္ေအပြဲ ကစား အျပီး ၆၇ နာရီ အၾကာမွာပဲ မန္စီးတီးနဲ႕ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

” ဒါက အက္ဖ္ေအထံကေန က်ေနာ္တို႔ ရလိုက္တဲ့ အကူအညီပါပဲ” လို႔ ဆိုးရွားက သေရာ္စကား ဆိုလိုက္ပါတယ္။

” က်ေနာ္ ယံုကို မယံုနုိင္ပါဘူး။ က်ေန္ာတို႔ ျပိဳင္ဘက္က နားခ်ိန္ ၂၄ နာရီ ပိုရထားတယ္။ တနဂၤေႏြေန႔မွာ မန္ခ်က္စတာဒါဘီပြဲ ရွိတာေတာင္ ၾကာသပေတးညမွာ က်ေန္ာ္တို႔ ပြဲကစားရတုန္းပဲ။ ဒါက ဘာအဓိပၸါယ္ ရွိလို႔လဲ။ ဒါက မွ်တတဲ့ ပြဲစဥ္ တစ္ပြဲ မဟုတ္ဘူး။ အဲဒီ ၂၄ နာရီက က်ေနာ္တို႔ အတြက္ အေရးၾကီးတယ္။ ပြဲတစ္ပြဲကစားျပီး ျပန္လည္ လန္းဆန္းလာဖို႔ အခ်ိန္တစ္ခု လိုတယ္။ ” လို႔ ဆိုးရွားက ေျပာၾကားလိုက္ပါတယ္။

မန္စီးတီးကလည္း ဗုဒၶဟူးေန႔ ညေနပိုင္းမွာ ရွက္ဖီးနဲ႕ အက္ဖ္ေအပြဲ ကစားခဲ့ရေသးတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ထက္ တစ္ရက္ ေစာတာေၾကာင့္ နားရက္ ပိုရခဲ့တာ ျဖစ္လို႔ ဆိုးရွားက မေက်နပ္ ျဖစ္ေနျပီး အက္ဖ္ေအသို႔ တရား၀င္ ကန္႔ကြက္တာမ်ိဳးေတာ့ ျပဳလုပ္မွာ မဟုတ္ေၾကာင္း သိရပါတယ္။

ယူနိုက္တက္ဟာ မန္စီးတီးနဲ႕ ပြဲမွာ အသင္းေခါင္းေဆာင္ မက္ဂြဲရား ပါ၀င္ကစားနုိင္ဖို႔ ေနာက္ဆံုးအခ်ိန္မွ စစ္ေဆးရဦးမွာ ျဖစ္ျပီး ဒန္နီရယ္ ဂ်ိမ္းစ္နဲ႕ ၀မ္ဘစ္ဆာကာ တို႔ကိုလည္း ေစာင့္ၾကည့္ရဆဲ ျဖစ္တယ္လို႔သိရပါတယ္။

ဆိုးရွားက သူ႔နည္းျပ မွတ္တမ္းထဲ အီတီဟက္မွာ ဒါဘီပြဲ နွစ္ၾကိမ္နိုင္ထားတဲ့ မွတ္တမ္း ရွိထားျပီး ျဖစ္ပါတယ္။ ဒီတစ္ၾကိမ္မွာလည္း အသင္းၾကီးေတြနဲ႕ ဆံုတိုင္း မွတ္တမ္းေကာင္းတဲ့ ဆိုးရွား တစ္ေယာက္ ပက္ ဂြာဒီယိုလာရဲ႕ မန္စီးတီးကို ထပ္မံ ေခ်မႈန္းနုိင္ဦးမလား ေစာင့္ၾကည့္ရဦးမွာပါ။