ဖာနန်ဒက်စ်ကို ရာသီစက ခေါ်ယူခဲ့ရင် ထိပ်သီးလေးသင်းထဲ အသာလေးပဲဆိုတဲ့ ရော်ဘီဆားဗေ့ချ်
ရာသီစကတည်းကသာ ယူနိုက်တက်က ဖာနန်ဒက်စ်ကို ခေါ်ယူထားခဲ့မယ်ဆိုရင် အခုချိန်မှာ ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်နေပြီ ဖြစ်ပါလိမ့်မယ် ရော်ဘီဆားဗေ့ချ်က မှတ်ချက်ပေးလိုက်ပါတယ်။
ဇန်နဝါရီမှာ မန်ချက်စတာ ယူနိုက်တက်ကို ဘရူနို ပြောင်းလာပြီးကတည်းက ကလပ်အသင်းရဲ့ အနေအထားတွေက ပိုမို တိုးတက်လာခဲ့တာဖြစ်ပြီး ရလဒ်တွေလည်း ပိုမို ကောင်းမွန်လာခဲ့တာပါ။ ယူနိုက်တက်နဲ့ ပါဝင်ကစားရတဲ့ ပွဲတိုင်းနီးပါး အကောင်းဆုံး ကစားသမားဆုတွေ ရခဲ့တဲ့ ဘရူနိုဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမား ဆန်ကာတင်စာရင်းထဲ ပါဝင်နေပါတယ်။
ဆာဗေ့ချ်က ” ဖာနန်ဒက်စ်က ပြိုင်ဘက်တွေကို ရင်ဆိုင်ကစားရာမှာ အသင်းဖော်တွေအတွက် တိုက်စစ်လမ်းကြောင်း ဖွင့်ပေးနိုင်သူဖြစ်တယ်။ သူက ခြားနားမှုတွေ လုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ ကျနော် အမြင်အရဆိုရင် ရာသီစတုန်းကသာ သူ ယူနိုက်တက်ကို ရောက်ခဲ့ရင် ဒီအချိန်ဆို ထိပ်သီးလေးသင်းထဲ သေချာပေါက် ဝင်ရောက်နေမှာပါ။
စခိုးနဲ့ ကားရစ်လို ကစားသမားကို ရှာဖွေဖို့ ခက်ခဲပေမယ့် ဘရူနိုကတော့ ယူနိုက်တက်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က ပေါ့ဘာလို ကစားသမားကောင်း တစ်ဦး ဖြစ်ပါတယ်။ ပေါ့ဘာသာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး အသင်းအတွက် ပြန်ကစားနိုင်တော့မယ်ဆိုရင်တော့ အကျိုးရှိမှာပါ။
သူ့ကို ဂျုဗင်တပ်မှာ ထူးခြားတဲ့ ကစားသမားတစ်ယောက်အဖြစ် ကျနေ်ာတို့ မြင်ခဲ့ကြပါတယ်။ ပေါ့ဘာ ဒဏ်ရာကနေ သက်သာလာမယ်ဆိုရင် သူ့ကို ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ကို ပြန်လည် ပိုင်ဆိုင်ပါလိမ့်မယ် ” လို့ သုံးသပ်သွားပါတယ်။
ZAWGYI
ရာသီစကတည္းကသာ ယူႏုိက္တက္က ဖာနန္ဒက္စ္ကို ေခၚယူထားခဲ့မယ္ဆိုရင္ အခုခ်ိန္မွာ ထိပ္ဆံုးေလးသင္းထဲ ဝင္ေရာက္ေနျပီ ျဖစ္ပါလိမ့္မယ္ ေရာ္ဘီဆားေဗ့ခ်္က မွတ္ခ်က္ေပးလိုက္ပါတယ္။
ဇန္နဝါရီမွာ မန္ခ်က္စတာ ယူႏုိက္တက္ကို ဘရူႏို ေျပာင္းလာျပီးကတည္းက ကလပ္အသင္းရဲ႕ အေနအထားေတြက ပိုမို တိုးတက္လာခဲ့တာျဖစ္ျပီး ရလဒ္ေတြလည္း ပိုမို ေကာင္းမြန္လာခဲ့တာပါ။ ယူႏုိက္တက္နဲ႔ ပါဝင္ကစားရတဲ့ ပြဲတိုင္းနီးပါး အေကာင္းဆံုး ကစားသမားဆုေတြ ရခဲ့တဲ့ ဘရူႏိုဟာ ေဖေဖာ္ဝါရီလအတြက္ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆံုး ကစားသမား ဆန္ကာတင္စာရင္းထဲ ပါဝင္ေနပါတယ္။
ဆာေဗ့ခ်္က ” ဖာနန္ဒက္စ္က ျပိဳင္ဘက္ေတြကို ရင္ဆိုင္ကစားရာမွာ အသင္းေဖာ္ေတြအတြက္ တိုက္စစ္လမ္းေၾကာင္း ဖြင့္ေပးႏုိင္သူျဖစ္တယ္။ သူက ျခားနားမႈေတြ လုပ္ေဆာင္ႏုိင္သူလည္း ျဖစ္ပါတယ္။ က်ေနာ္ အျမင္အရဆိုရင္ ရာသီစတုန္းကသာ သူ ယူႏုိက္တက္ကို ေရာက္ခဲ့ရင္ ဒီအခ်ိန္ဆို ထိပ္သီးေလးသင္းထဲ ေသခ်ာေပါက္ ဝင္ေရာက္ေနမွာပါ။
စခိုးနဲ႔ ကားရစ္လို ကစားသမားကို ရွာေဖြဖို႔ ခက္ခဲေပမယ့္ ဘရူႏိုကေတာ့ ယူႏုိက္တက္မွာ ေျခစြမ္းေကာင္းေတြ ျပသထားႏုိင္ပါတယ္။ ဘရူႏို ဖာနန္ဒက္စ္က ေပါ့ဘာလို ကစားသမားေကာင္း တစ္ဦး ျဖစ္ပါတယ္။ ေပါ့ဘာသာ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီး အသင္းအတြက္ ျပန္ကစားႏိုင္ေတာ့မယ္ဆိုရင္ေတာ့ အက်ိဳးရွိမွာပါ။
သူ႔ကို ဂ်ဳဗင္တပ္မွာ ထူးျခားတဲ့ ကစားသမားတစ္ေယာက္အျဖစ္ က်ေန္ာတို႔ ျမင္ခဲ့ၾကပါတယ္။ ေပါ့ဘာ ဒဏ္ရာကေန သက္သာလာမယ္ဆိုရင္ သူ႔ကို ထူးျခားေကာင္းမြန္တဲ့ ကစားသမားတစ္ေယာက္ကို ျပန္လည္ ပိုင္ဆိုင္ပါလိမ့္မယ္ ” လို႔ သုံးသပ္သြားပါတယ္။