ဗိုလ်တထောင် ဘိုးဘိုးကြီးနဲ့ အမတော် မြနန်းနွယ်တို့ထံ သွားရောက် ဆုတောင်းတဲ့ ထိုင်းလေတပ်အရာရှိများ

ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် ထိုင်းဘုရင့်လေတပ်မှ Captain Khemmachart Thongma ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လအတွင်း ဗိုလ်တထောင်ဘုရား သွားရောက် ဖူးမြှော်ခဲ့သည်။
ဇူလိုင်လ ၁၀ရက်နေ့မှာ ဗိုလ်တထောင်ဘုရားသို့ သွားရောက်ဖူးမြှော်ကာ ရွှေသင်္ကန်း ကပ်လှူခြင်းအပြင် ဗိုလ်တထောင် ရောဟဏီ ဘိုးဘိုးကြီးနှင့် အစ်မတော်မြနန်းနွယ်တို့ကို သွားရောက်၍ ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။
ဗိုလ်တထောင် ရောဟဏီ ဘိုးဘိုးကြီးနှင့် အစ်မတော် မြနန်းနွယ်တို့ကို မြန်မာတို့သာမက ထိုင်းလူမျိုးများကပါ ရုပ်ပွားများ ထုလုပ်ကာ ယုံကြည်စွာ ဆည်းကပ်ကြသည်။
မြန်မာနိုင်ငံက ဗိုလ်တထောင် ဘိုးဘိုးကြီးနဲ့ အစ်မတော်မြနန်းနွယ်ရဲ့ ပုံတူရုပ်ထုတွေကို ထိုင်းနိုင်ငံမြောက်ပိုင်း ၊ ချင်းမိုင်မြို့ရဲ့ ခရီးသည်ပို့ဆောင်ရေးကားဝန်းဖြစ်တဲ့ (အာခေတ်) ကားဝန်းထဲမှာလည်း အများပြည်သူ ဆုတောင်းနိုင်ဖို့ ထားရှိထားသည်။
ဗိုလ်တထောင်ဘိုးဘိုးကြီးနဲ့ အမတော် မြနန်းနွယ်တို့ဟာ ကံကောင်းစေတဲ့ ဆုလာဘ်တွေကို ပေးစွမ်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စီးပွားရေး၊ အလုပ်အကိုင်ရာထူး အပါအဝင် လူမှုကိစ္စ အခက်အခဲမျိုးစုံအတွက် သွားရောက်ဆုတောင်းနေခြင်းဖြစ်သည်။