ဒီဂီယာကို ပြန်ကြိုးစားမယ့် ရီးရဲလ်၊ ပြိုင်ဘက်ကို ကိုက်လို့ ၆ ပွဲပယ်ခံရတဲ့ လူငယ် ဂိုးသမားနဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ
ရီးရဲလ်မက်ဒရစ်ဟာ ယူနိုက်တက် ဂိုးသမား ဒီဂီယာကို ခေါ်ဖို့ ထပ်မံ အလိုရှိလာပြန်တယ်။ အိုးထရက်ဖို့ဒ်မှာ အခက်အခဲတွေ ရှိနေသေးတဲ့ စပိန်သားကို ရီးရဲလ်က ပေါင် သန်း ၇၀ လောက်နဲ့ ကမ်းလှမ်းဖို့ အသင့် ပြင်နေပါတယ်။
တိုက်စစ်မှူး အစ်ဟာလိုဟာ ယူနိုက်တက် လိုအပ်နေခဲ့တဲ့ ပြိုင်ဘက်တွေကို မညှာတမ်း အလဲထိုး ဂိုးသွင်းနိုင်သူ တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း ဘာဘာတော့ဗ်က ထောက်ခံ ပြောဆိုလိုက်ပြီး လူတွေ ထင်ထားတာ မှားယွင်းကြောင်း အစ်ဟာလိုက သက်သေပြမယ်လို့ ၎င်းက ယုံကြည်နေပါတယ်။
ပြင်သစ်သား ကွင်းလယ်သမား ပေါ့ဘာဟာ ယူနိုက်တက်ကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘဲ သူ ပြန်ကစားနိုင်ရင် ကောင်းတဲ့ဘက်က လွှမ်းမိုးမှုတွေ ရှိမှာ ဖြစ်ကြောင်း ပေါ့ဘာရဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း ဂျွန်အိုရှီးယားက ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ ကြီး ၆ ကြီးနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ပြီး ရမှတ် ၁၄ မှတ် ရထားကာ ပိုကောင်းတဲ့ မှတ်တမ်းဆိုလို လီဗာပူးတစ်သင်းပဲ ရှိထားပါတယ်။ ယူနိုက်တက်ဟာ အသင်းကြီးတွေချင်း ရင်ဆိုင်ရာမှာ ရလဒ်တွေ ပြန်ရယူလာနိုင်ပါပြီ။
ကမ္ဘာလုပ်ခအများဆုံး ပေးချေတဲ့ ကလပ်အသင်းတွေထဲမှာ ယူနိုက်တက်က ဘာစီလိုနာနောက် ဒုတိယနေရာမှာ ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ တစ်နှစ်လုပ်ခ ပေးချေမှုက ပေါင် ၃၃၂ သန်းဖြစ်ပြီး မန်စီးတီး၊ လီဗာပူးတို့ရဲ့ အထက်မှာ ရပ်တည်နေပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း နာနီက ဘရူနို ဖာနန်ဒက်စ်အား မန်စီးတီးကို မရွေးနဲ့၊ တခြားအသင်းတွေကိုလည်း မရွေးနဲ့၊ မန်ယူနိုက်တက်ကိုပဲ ရွေးစမ်းပါလို့ ပေါ်တူဂီသားချင်း အကြံပေးခဲ့ကြောင်း ဖွင့်ခဲ့ပါတယ်။
လိဂ်ဝမ်းကလပ် ဘာတန်အသင်းမှာ အငှားကစားနေတဲ့ ယူနိုက်တက် ဂိုးသမား ဒေးဗစ် မက် ဒွန်နဲလ်က ပြိုင်ဘက် ပီတာဘိုရော့အသင်း တိုက်စစ်မှူးကို ကိုက်ခဲ့တာကြောင့် ၆ ပွဲ ပယ်ခံခဲ့ရတဲ့ အပြင် ပေါင် ၂၅၀၀ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။
Zawgyi – ရီးရဲလ္မက္ဒရစ္ဟာ ယူနိုက္တက္ ဂိုးသမား ဒီဂီယာကို ေခၚဖို႔ ထပ္မံ အလိုရွိလာျပန္တယ္။ အိုးထရက္ဖို႔ဒ္မွာ အခက္အခဲေတြ ရွိေနေသးတဲ့ စပိန္သားကို ရီးရဲလ္က ေပါင္ သန္း ၇၀ ေလာက္နဲ႕ ကမ္းလွမ္းဖို႔ အသင့္ ျပင္ေနပါတယ္။
တိုက္စစ္မွဴး အစ္ဟာလိုဟာ ယူနုိက္တက္ လိုအပ္ေနခဲ့တဲ့ ျပိဳင္ဘက္ေတြကို မညွာတမ္း အလဲထိုး ဂိုးသြင္းနုိင္သူ တိုက္စစ္မွဴး တစ္ဦး ျဖစ္ေၾကာင္း ဘာဘာေတာ့ဗ္က ေထာက္ခံ ေျပာဆိုလိုက္ျပီး လူေတြ ထင္ထားတာ မွားယြင္းေၾကာင္း အစ္ဟာလိုက သက္ေသျပမယ္လုိ႔ ၄င္းက ယံုၾကည္ေနပါတယ္။
ျပင္သစ္သား ကြင္းလယ္သမား ေပါ့ဘာဟာ ယူနိုက္တက္ကို အေနွာင့္အယွက္ေပးမွာ မဟုတ္ဘဲ သူ ျပန္ကစားနုိင္ရင္ ေကာင္းတဲ့ဘက္က လႊမ္းမိုးမႈေတြ ရွိမွာ ျဖစ္ေၾကာင္း ေပါ့ဘာရဲ႕ ယူႏုိက္တက္အသင္းေဖာ္ေဟာင္း ဂၽြန္အိုရွီးယားက ေျပာၾကားလိုက္ပါတယ္။
ယူႏုိက္တက္ဟာ ဒီရာသီမွာ ၾကီး ၆ ၾကီးနဲ႔ ထိပ္တိုက္ယွဥ္ျပိဳင္ျပီး ရမွတ္ ၁၄ မွတ္ ရထားကာ ပိုေကာင္းတဲ့ မွတ္တမ္းဆိုလို လီဗာပူးတစ္သင္းပဲ ရွိထားပါတယ္။ ယူႏုိက္တက္ဟာ အသင္းၾကီးေတြခ်င္း ရင္ဆိုင္ရာမွာ ရလဒ္ေတြ ျပန္ရယူလာႏုိင္ပါျပီ။
ကမၻာလုပ္ခအမ်ားဆံုး ေပးေခ်တဲ့ ကလပ္အသင္းေတြထဲမွာ ယူႏုိက္တက္က ဘာစီလိုနာေနာက္ ဒုတိယေနရာမွာ ရွိေနပါတယ္။ ယူႏုိက္တက္ရဲ႕ တစ္ႏွစ္လုပ္ခ ေပးေခ်မႈက ေပါင္ ၃၃၂ သန္းျဖစ္ျပီး မန္စီးတီး၊ လီဗာပူးတို႔ရဲ႕ အထက္မွာ ရပ္တည္ေနပါတယ္။
ယူနိုက္တက္ ကစားသမားေဟာင္း နာနီက ဘရူနို ဖာနန္ဒက္စ္အား မန္စီးတီးကို မေရြးနဲ႕၊ တျခားအသင္းေတြကိုလည္း မေရြးနဲ႕၊ မန္ယူနုိက္တက္ကိုပဲ ေရြးစမ္းပါလို႔ ေပၚတူဂီသားခ်င္း အၾကံေပးခဲ့ေၾကာင္း ဖြင့္ခဲ့ပါတယ္။
လိဂ္၀မ္းကလပ္ ဘာတန္အသင္းမွာ အငွားကစားေနတဲ့ ယူနုိက္တက္ ဂိုးသမား ေဒးဗစ္ မက္ ဒြန္နဲလ္က ျပိဳင္ဘက္ ပီတာဘိုေရာ့အသင္း တိုက္စစ္မွဴးကို ကိုက္ခဲ့တာေၾကာင့္ ၆ ပြဲ ပယ္ခံခဲ့ရတဲ့ အျပင္ ေပါင္ ၂၅၀၀ ဒဏ္ရိုက္ခံရမွာ ျဖစ္ပါတယ္။