ဘလွန်းဒီအောဆု ရေပန်းစားမှုမှာ ဘယ်လင်ဟမ်ကို မန်စီးတီးကြယ်ပွင့် ကျော်ဖြတ်သွား

၂၀၂၄ ခုနှစ်အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရရှိနိုင်တဲ့ ကစားသမား စာရင်းမှာ ဗင်နီဆီးယက်နဲ့ ရိုဒရီတို့ ထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။
ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့တဲ့ ဘလွန်းဒီအောဆုရနိုင်တဲ့ ကစားသမား ၁၀ ဦး စာရင်းမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီဆီးယက်က နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပြီး စပိန်နဲ့ မန်စီးတီး ကွင်းလယ်လူရိုဒရီက ဒုတိယနေရာမှာရပ်တည်ခဲ့တာပါ။
ဗင်နီဆီးယက်ဟာ ဘရာဇီးအသင်းနဲ့ ကိုပါအမေရိကဖလားမှာ အောင်မြင်မှုမရခဲ့ပေမဲ့ မက်ဒရစ်နဲ့ အတူ ဥရောပချန်ပီယံလိဂ်အပြင် စပိန် လာလီဂါချန်ပီယံဆုနဲ့ စူပါဖလားတွေရယူနိုင်ခဲ့သူပါ။
ရိုဒရီကတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ဆုဖလား ရခဲ့ပြီး စပိန်အသင်းနဲ့ ယူရိုချန်ပီယံဆုဖလား ရခဲ့သူပါ။
တခြားကစားသမားတွေထဲမှာ အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဘယ်လင်ဂမ်၊ စပိန်နဲ့ မက်ဒရစ်နောက်ခံလူ ကာဗာဟယ်၊ ဘာစီလိုနာနဲ့ စပိန်လူငယ်ကြယ်ပွင့် လာမိန်းယာမဲလ်တို့က ထိပ်ဆုံး ၅ ဦးစာရင်းမှာပါဝင်ပါတယ်။
စပိန်ကစားသမားတွေဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို ၁၉၆၀ ပြည့်နှစ် နောက်ပိုင်း တကြိမ်တခါမှ ရယူနိုင်ခြင်း မရှိတော့တာပါ။
လက်ရှိအချိန်မှာတော့ ဘလွန်းဒီအောဆုကို စပိန်ကစားသမားတဦးဦးက ရယူဖို့ ထိုက်တန်တယ်လို့ ရိုဒရီက မှတ်ချက်ပေးခဲ့ပါတယ်။