ယူနိုက်တက်က မန်စီးတီးကို ၂ ကြိမ် အနိုင်ရထားကြောင်း မန်ချက်စတာဒါဘီပွဲကြို ခန့်မှန်းသွားတဲ့ အိုဝင်
ဒီအပတ်မှာတော့ စူပါဆန်းဒေးပွဲအဖြစ် ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ဒါဘီပွဲအဖြစ် အိုထရတ်ဖိုဒ့်မှာ ထိပ်တိုက်တွေ့ကြမှာဖြစ်ပါတယ်။
နှစ်သင်းဟာ ဒဏ်ရာပြဿနာတွေ ရှိနေတာဖြစ်ပြီး ယူနိုက်တက် နည်းပြ ဆိုးရှားက မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ ဝမ် ဘစ်ဆာကာ နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့ ပြန်လည် ပါဝင် ကစားပေး မျှော်လင့် ထားကြောင်း၊ ဟယ်ရီ မက်ဂွဲရားရဲ့ အနေအထားကိုတော့ စောင့်ကြည့် စစ်ဆေး နေဆဲ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။
တစ်ဘက်မှာလည်း မန်စီးတီးက ကွင်းလယ်လူ ဒီဘရိုင်းနဲ့ ဗဟိုခံစစ်မှူး လာပေါ်တေးတို့ ကစားနိုင်မှာ မဟုတ်ပါဘူး။ စတာလင်တော့ ပါဝင်သွားဖွယ်ရှိပြီး နှစ်သင်းဟာ အဓိက အားပြိုင်ရမယ့် ကွင်းလယ်နဲ့ ခံစစ်ပိုင်းတွေမှာ ကြိုတင်ခန့်မှန်းရခက်တဲ့ ဒဏ်ရာပြဿနာတွေကို ရင်ဆိုင်နေရတာဖြစ်တယ်။
မိုင်ကယ်အိုဝင်ကတော့ ” ကာရာဘောင်းဖလား ချန်ပီယံအဖြစ် ပူပူနွေးနွေး ရရှိထားတဲ့ မန်စီးတီးဟာ မန်ချက်စတာမှာ ဒါဘီပွဲအဖြစ် ဒီအပတ်မှာပဲ ယူနိုက်တက်နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ကစားသွားတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးက အိုထရတ်ဖိုဒ့်ကိုသွားဖို့ ယုံကြည်ချက်ကောင်းတွေ ရှိနေမှာဖြစ်ပေမယ့် ဒီရာသီမှာ နှစ်သင်းဟာ သုံးကြိမ် တွေ့ဆုံထားပြီး ယူနိုက်တက်က နှစ်ကြိမ် အနိုင်ရထားပြီး ဖြစ်ပါတယ်။
သို့ပေမယ့် ဒီပွဲကတော့ မျှတတဲ့ ပြိုင်ပွဲတစ်ခုကို မြင်တွေ့ရဖို့ ရှိနေပြီး နှစ်သင်းလုံးက သွင်းဂိုးတွေ သွင်းယူကြကာ ရမှတ်ကို ခွဲဝေယူသွားနိုင်မယ်လို့ ကျနော် မြင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာဒါဘီပွဲအတွက် မိုင်ကယ်အိုဝင်ရဲ့ ပွဲရလဒ် ခန့်မှန်းးကတော့ ၁-၁ ရလဒ် ထွက်ပေါ်ဖို့ များလိမ့်မယ်လို့ ဖြစ်ပါတယ်။
ZAWGYI
ဒီအပတ္မွာေတာ့ စူပါဆန္းေဒးပြဲအျဖစ္ ယူႏုိက္တက္နဲ႔ မန္စီးတီးတို႔ဟာ ဒါဘီပြဲအျဖစ္ အုိထရတ္ဖိုဒ့္မွာ ထိပ္တုိက္ေတြ႔ၾကမွာျဖစ္ပါတယ္။
ႏွစ္သင္းဟာ ဒဏ္ရာျပႆနာေတြ ရွိေနတာျဖစ္ျပီး ယူႏိုက္တက္ နည္းျပ ဆိုးရွားက မန္ခ်က္စတာ ဒါဘီ ပြဲစဥ္မွာ ဝမ္ ဘစ္ဆာကာ နဲ႔ ဒန္နီယယ္ ဂ်ိမ္းစ္ တို႔ ျပန္လည္ ပါဝင္ ကစားေပး ေမွ်ာ္လင့္ ထားေၾကာင္း၊ ဟယ္ရီ မက္ဂြဲရားရဲ႕ အေနအထားကိုေတာ့ ေစာင့္ၾကည့္ စစ္ေဆး ေနဆဲ ျဖစ္ေၾကာင္း ေျပာၾကား သြားပါတယ္။
တစ္ဘက္မွာလည္း မန္စီးတီးက ကြင္းလယ္လူ ဒီဘရိုင္းနဲ႔ ဗဟိုခံစစ္မွဴး လာေပၚေတးတို႔ ကစားႏုိင္မွာ မဟုတ္ပါဘူး။ စတာလင္ေတာ့ ပါဝင္သြားဖြယ္ရွိျပီး ႏွစ္သင္းဟာ အဓိက အားျပိဳင္ရမယ့္ ကြင္းလယ္နဲ႔ ခံစစ္ပိုင္းေတြမွာ ၾကိဳတင္ခန္႔မွန္းရခက္တဲ့ ဒဏ္ရာျပႆနာေတြကို ရင္ဆိုင္ေနရတာျဖစ္တယ္။
မိုင္ကယ္အိုဝင္ကေတာ့ ” ကာရာေဘာင္းဖလား ခ်န္ပီယံအျဖစ္ ပူပူေႏြးေႏြး ရရွိထားတဲ့ မန္စီးတီးဟာ မန္ခ်က္စတာမွာ ဒါဘီပြဲအျဖစ္ ဒီအပတ္မွာပဲ ယူႏုိက္တက္နဲ႔ ထိပ္တိုက္ ယွဥ္ျပိဳင္ကစားသြားေတာ့မွာ ျဖစ္ပါတယ္။ မန္စီးတီးက အိုထရတ္ဖိုဒ့္ကိုသြားဖို႔ ယံုၾကည္ခ်က္ေကာင္းေတြ ရွိေနမွာျဖစ္ေပမယ့္ ဒီရာသီမွာ ႏွစ္သင္းဟာ သံုးၾကိမ္ ေတြ႔ဆံုထားျပီး ယူႏုိက္တက္က ႏွစ္ၾကိမ္ အႏုိင္ရထားျပီး ျဖစ္ပါတယ္။
သို႔ေပမယ့္ ဒီပြဲကေတာ့ မွ်တတဲ့ ျပိဳင္ပြဲတစ္ခုကို ျမင္ေတြ႔ရဖို႔ ရွိေနျပီး ႏွစ္သင္းလံုးက သြင္းဂိုးေတြ သြင္းယူၾကကာ ရမွတ္ကို ခြဲေဝယူသြားႏုိင္မယ္လုိ႔ က်ေနာ္ ျမင္ပါတယ္ ” လို႔ ဆိုခ့ဲတာျဖစ္ပါတယ္။
မန္ခ်က္စတာဒါဘီပြဲအတြက္ မုိင္ကယ္အိုဝင္ရဲ႕ ပြဲရလဒ္ ခန္႔မွန္းးကေတာ့ ၁-၁ ရလဒ္ ထြက္ေပၚဖို႔ မ်ားလိမ့္မယ္လို႔ ျဖစ္ပါတယ္။