အဲဗာတန်နဲ့ အက်သလက်တီကို ရောက်သွားနိုင်သူတွေ၊ ဘလွန်းဒီအော ရေပန်းစားမှုတွေနဲ့ စီးတီး သတင်းတိုများ
ဟာလန်း၊ ဂရီလစ်တို့ လေ့ကျင့်ရေး ပြန်ဝင်နေပေမယ့် ရိုဒရီ၊ ဒီယက်စ်တို့က အနားယူနေဆဲပါ။
ယူရို ၂၀၂၄ ရဲ့ အကောင်းဆုံးအသင်းထဲမှာ အခန်ဂျီ၊ ရိုဒရီနဲ့ ဝေါ်ကာတို့ ပါဝင်လာပါတယ်။

ယာဂင်ကလော့ပ်၊ ဂွာဒီယိုလာတို့ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုနေတဲ့ အင်္ဂလန်အသင်းဟာ ထိုနည်းပြ နှစ်ဦးကို ခန့်အပ်မယ်ဆို တစ်နှစ်လောက် စောင့်ရဖွယ် ရှိနေတာကြောင့် နည်းပြ ဆောက်ဂိတ်နေရာကို ယူ-၂၁ နည်းပြဖြင့် ယာယီ အစားထိုးဖွယ် ရှိနေပါတယ်။
ဂိုးသမား အီဒါဆန် အတွက် ဆော်ဒီကလပ် အယ်နာဆာ အသင်းရဲ့ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို မန်စီးတီးက ငြင်းဆန်ပယ်ချခဲ့ပါတယ်။
အက်စတွန်ဗီလာကို ပြောင်းသွားတဲ့ အိုနာနာ နေရာ အစားထိုးဖို့ရာ အဲဗာတန်အသင်းက မန်စီးတီး ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို သဘောကျနေပါတယ်။
မန်စီးတီး တိုက်စစ်သမား အဲဗာရက်စ်ဟာ အက်သလက်တီကို အသင်းထံ ရောက်ရှိမယ် သတင်းကြီးလာနေပြီ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုကို စပိန်ကစားသမား တစ်ဦးဦးက ရသင့်ကြောင်း ရိုဒရီက ထုတ်ပြောလာပါတယ်။
စပိန်ကွင်းလယ်လူ ရိုဒရီဟာ ဘလွန်းဒီအောဆု ရေပန်းစားမှုမှာ ဘယ်လင်ဟမ်ကို ကျော်တက်ခဲ့ပြီး ဗင်နဗီးဆီးယက်စ်ရဲ့ နောက်ကို ရောက်လာခဲ့ပါတယ်။
