မန်စီးတီးနဲ့ပွဲကို တိုက်စစ်ဖွင့်ဆော့မယ့်အကြောင်း အရိပ်အမြွက် ပြောဆိုလိုက်တဲ့ မန်နေဂျာဆိုးရှား

ယူနိုက်တက်မန်နေဂျာဆိုးရှားက ဒီတစ်ပတ်မှာ တွေ့ဆုံမယ့် မန်ချက်စတာဒါဘီမှာ အသင်းရဲ့ တိုးတက်မှုတွေကို အကောင်းမြင်နေပြီး တိုက်စစ်ဖွင့်ကစားမယ့် အလားအလာတွေကို ထုတ်ပြောလာပါတယ်။

ဆိုးရှားကတော့ ဒီရာသီအတွင်း သုံးကြိမ်တိုင် ထိပ်တိုက်တွေ့ဆုံထားတဲ့ မန်စီးတီးရဲ့ အနေအထားကို ကလပ်အသင်းက ပိုမို နားလည်လာပြီလို့ ယုံကြည်တယ်။ သူကတော့ ဒီတစ်ကြိမ် မန်ချက်စတာဒါဘီကို သွင်းဂိုး အများအပြား သွင်းယူနိုင်တဲ့ ပွဲကောင်းဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဆိုးရှားက ” မန်စီးတီးက ယုံကြည်မှုတွေ ရှိနေမှာပါ။ သူတို့က ပုံစံကောင်းတွေကို ထိန်းသိမ်းထားနိုင်ပြီး ကစားပုံလည်း ကောင်းမွန်နေတယ်။ ဘာနေဗျူမှာ နိုင်ပွဲရခဲ့သလို ကာရာဘောင်းဖလားကိုလည်း လောလောလတ်လတ် အနိုင်ရထားတာဖြစ်ပါတယ်။

ဒါဘီပွဲကို သူတို့ အကောင်းဆုံး ကစားကြမှာပါ။ ကျနေ်ာတို့ကလည်း ကိုယ်ရဲ့ အကောင်းဆုံးပွဲဖြစ်ဖို့ ကြိုးစားမှာပါ။ ဒီပွဲက ရသကောင်းတွေ ပေးနိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ကျနေ်ာတို့က ဒီပွဲကို ၄-၃ ဆိုတဲ့ ရလဒ်မျိုး ထွက်မယ့် ပွဲဖြစ်လာဖို့ မျှော်လင့်ထားတယ်။ သူတို့လိုပဲ ကျနေ်ာတို့ကလည်း စွမ်းဆောင်ရည်ကောင်းတွေ ပေးနိုင်ဖို့ ကြိုးစားရပါမယ်။

ဒီအပတ်ပွဲမတိုင်ခင် ဘယ်လို ဗီဒီယိုတွေမှ သူတို့ကို ပြဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်။ ဒီရာသီမှာ သူတို့နဲ့ လုံလောက်တဲ့ တွေ့ဆုံမှုတွေ ရှိထားပါပြီ။ သူတို့အကြောင်း ကျနေ်ာတို့ သိပါတယ်။ ဒါကလည်း အကူအညီဖြစ်မယ်လို့ ထင်ပါတယ်။ ကျနေ်ာတို့က တိုးတက်နေချိန်မှာ အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်လိုပါတယ်။

မန်စီးတီးက ကုန်ခဲ့တဲ့ နှစ်တွေမှာ အကောင်းဆုံး အသင်းအဖြစ် ရှိနေတာပါ။ ဒါကြောင့် သူတို့နဲ့ ရင်ဆိုင်ကစားရမှာက ကျနေ်ာတို့အတွက် ကြီးကျယ်တဲ့ စိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္မန္ေနဂ်ာဆိုးရွားက ဒီတစ္ပတ္မွာ ေတြ႔ဆံုမယ့္ မန္ခ်က္စတာဒါဘီမွာ အသင္းရဲ႕ တိုးတက္မႈေတြကို အေကာင္းျမင္ေနျပီး တိုက္စစ္ဖြင့္ကစားမယ့္ အလားအလာေတြကို ထုတ္ေျပာလာပါတယ္။

ဆိုးရွားကေတာ့ ဒီရာသီအတြင္း သံုးၾကိမ္တုိင္ ထိပ္တုိက္ေတြ႔ဆံုထားတဲ့ မန္စီးတီးရဲ႕ အေနအထားကို ကလပ္အသင္းက ပိုမို နားလည္လာျပီလို႔ ယံုၾကည္တယ္။ သူကေတာ့ ဒီတစ္ၾကိမ္ မန္ခ်က္စတာဒါဘီကို သြင္းဂိုး အမ်ားအျပား သြင္းယူႏုိင္တဲ့ ပြဲေကာင္းျဖစ္လာဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

ဆိုးရွားက ” မန္စီးတီးက ယံုၾကည္မႈေတြ ရွိေနမွာပါ။ သူတို႔က ပံုစံေကာင္းေတြကို ထိန္းသိမ္းထားႏုိင္ျပီး ကစားပံုလည္း ေကာင္းမြန္ေနတယ္။ ဘာေနဗ်ဴမွာ ႏုိင္ပြဲရခဲ့သလို ကာရာေဘာင္းဖလားကိုလည္း ေလာေလာလတ္လတ္ အႏုိင္ရထားတာျဖစ္ပါတယ္။

ဒါဘီပြဲကို သူတို႔ အေကာင္းဆံုး ကစားၾကမွာပါ။ က်ေန္ာတုိ႔ကလည္း ကိုယ္ရဲ႕ အေကာင္းဆံုးပြဲျဖစ္ဖို႔ ၾကိဳးစားမွာပါ။ ဒီပြဲက ရသေကာင္းေတြ ေပးႏုိင္တဲ့ ပြဲတစ္ပြဲ ျဖစ္လာပါလိမ့္မယ္။ က်ေန္ာတုိ႔က ဒီပြဲကို ၄-၃ ဆိုတဲ့ ရလဒ္မ်ိဳး ထြက္မယ့္ ပြဲျဖစ္လာဖို႔ ေမွ်ာ္လင့္ထားတယ္။ သူတို႔လိုပဲ က်ေန္ာတုိ႔ကလည္း စြမ္းေဆာင္ရည္ေကာင္းေတြ ေပးႏုိင္ဖို႔ ၾကိဳးစားရပါမယ္။

ဒီအပတ္ပြဲမတိုင္ခင္ ဘယ္လို ဗီဒီယိုေတြမွ သူတို႔ကို ျပဖို႔ မလိုအပ္ဘူးလို႔ ထင္ပါတယ္။ ဒီရာသီမွာ သူတို႔နဲ႔ လံုေလာက္တဲ့ ေတြ႔ဆံုမႈေတြ ရွိထားပါျပီ။ သူတို႔အေၾကာင္း က်ေန္ာတို႔ သိပါတယ္။ ဒါကလည္း အကူအညီျဖစ္မယ္လို႔ ထင္ပါတယ္။ က်ေန္ာတို႔က တိုးတက္ေနခ်ိန္မွာ အေကာင္းဆံုး အသင္းေတြနဲ႔ ယွဥ္ျပိဳင္လိုပါတယ္။

မန္စီးတီးက ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ အေကာင္းဆံုး အသင္းအျဖစ္ ရွိေနတာပါ။ ဒါေၾကာင့္ သူတို႔နဲ႔ ရင္ဆိုင္ကစားရမွာက က်ေန္ာတုိ႔အတြက္ ၾကီးက်ယ္တဲ့ စိန္ေခၚမႈ ျဖစ္လာပါလိမ့္မယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။