ဒီနေ့မှာ ကမ္ဘာကြီးကိုတောင် ရပ်တန့်သွားစေတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ နည်းပညာချို့ယွင်းမှု အကြောင်း

ကမ္ဘာတဝန်းနည်းပညာချို့ယွင်းမှုဖြစ်ပေါ်ပြီး လေကြောင်းလိုင်းတွေ၊ ရုပ်သံမီဒီယာထုတ်လွှင့်မှုတွေ၊ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းသွားပါတယ်။

ဒီကနေ့ ဇူလိုင် ၁၉ ရက် မှာ ဥရောပနိုင်ငံအများစုမှာ ကွန်ယက်ချိတ်ဆက်နည်းပညာသုံးပြီးလုပ်ဆောင်ရတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအားလုံး ပြတ်တောက်ချို့ယွင်းခဲ့ပါတယ်။

ကနဦးသတင်းတွေအရ Microsoft ရဲ့ နည်းပညာတွေကို ရယူသုံးစွဲနေတဲ့ ဝန်ဆောင်မှုတွေအားလုံးထိခိုက်ခဲ့တာဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ် ဘက်ကတော့ ပြဿနာတွေလျော့ပါးသက်သာရေး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်လာပါတယ်။

ဒီနည်းပညာ‌ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေ ပြတ်တောက်မှုဟာ မ‌နေ့ ကြာသပတေးညပိုင်း ကတည်းက ဖြစ်လာပြီး အမေရိကန်က မိုက်ခရိုဆော့ဖ်ရုံးချုပ်ကတော့ သူ့ရဲ့ cloud ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။

အမေရိကန်မှာတော့ ယူနိုက်တက်နဲ့ ဒယ်လ်တာ အပါအဝင် အဓိကလေကြောင်းလိုင်းတွေရဲ့ ပျံသန်းမှုတွေ ရပ်တန့်‌နေပါတယ်။ ဩစတေးလျမှာ လေဆိပ်၊ ဈေးဆိုင်တွေနဲ့ အခြားဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ထိခိုက်ခဲ့ပြီး ယူကေမှာ နည်းပညာအသုံးပြုရထားသယ်ယူပို့ဆောင်ရေးတွေ အခက်အခဲဖြစ်ခဲ့ပါတယ်။

Microsoft (မိုက်ခရိုဆော့ဖ်) ကတေ့ နည်းပညာဝန်‌ဆောင်မှုပြတ်တောက်မှုရဲ့ ” ကြီးမားတဲ့အကျိုးသက်ရောက်မှု” ကို ဖြေရှင်းနေတယ်လို့ ပြောထားပါတယ်။