အစ်ဟာလိုနဲ့ ပတ်သတ်ပြီး ဝေဖန်တာတွေ မှားယွင်းခဲ့ကြောင်း ဝန်ခံလာတဲ့ ဖာဒီနန်
ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်က အသင်း တိုက်စစ်မှူး အစ်ဟာလိုနဲ့ ပတ်သတ်ပြီး သူ သုံးသပ်ခဲ့ဖူးတာတွေ မှားယွင်းကြောင်း ဝန်ခံလိုက်ကာ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူးဟာ ယူနိုက်တက် အတွက် မာရှယ်နဲ့ ရက်ဖို့ဒ်တို့ မပေးနိုင်တဲ့ အရည်အချင်းတွေ ရှိနေကြောင်း ချီးကျူး ပြောဆိုလိုက်ပါတယ်။
ဝက်ဖို့ဒ် တိုက်စစ်မှူးဟောင်းလည်း ဖြစ်တဲ့ အစ်ဟာလိုက ပရီးမီးယားလိဂ်မှာ အထိုင်ပြန်ကျဖို့ အချိန်မယူလိုက်ရဘဲ ယူနိုက်တက် အတွက် နှစ်ပွဲ ကစားပြီးချိန်မှာ ၃ဂိုး သွင်းယူခဲ့ပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အစ်ဟာလိုကို ယူနိုက်တက် ခေါ်ယူလိုက်စဉ်က လှောင်ပြောင်မှုတွေ ရှိခဲ့ပြီး ၎င်းကလည်း ဟာလန်းနဲ့ ဂျို့ရှ်ကင်းတို့ကို ဦးစားပေး ကြိုးစားခဲ့တဲ့ နည်းပြ ဆိုးရှားရဲ့ ထိပ်သီး ပစ်မှတ် မဟုတ်ခဲ့ပါဘူး။

ခုတော့ ဖာဒီနန်က အစ်ဟာလိုကို သဘောကျနေပြီ ဖြစ်ကြောင်း ဝန်ခံလိုက်ပြီး ယူနိုက်တက် အခြားတိုက်စစ်မှူးတွေ ဖြစ်တဲ့ မာရှယ်၊ ရက်ဖို့ဒ်တို့နဲ့ မတူညီတဲ့ အရည်အချင်းမျိုးနဲ့ အသင်းကို အကူအညီ ဖြစ်စေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
” ကျနော် အပါအဝင် လူတော်တော်များများက အစ်ဟာလို အသင်း ဘယ်နေရာမှာများ အံဝင်လိမ့်မလဲ တွေးခဲ့ကြတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ ဖွင့်စမှာ ချက်ချင်း ကစားသမား တစ်ဦး စိတ်ကြိုက် ခေါ်ခွင့်ရရင် အစ်ဟာလိုက အခေါ်ခံရမယ့်သူ မဟုတ်ပါဘူး။ ဒါပေမယ့် သူ ရောက်လာရတဲ့ အကြောင်းအရင်း ရှိတယ်ဆိုတာ ပြသခဲ့ပြီ ဖြစ်တယ်။
ကွင်းလယ်ကနေ သူ့ဆီကို ဘောလုံးပေးပို့နိုင်ဖို့ အာရုံစိုက်နိုင်ဖို့ အစ်ဟာလိုက လှုပ်ရှားနိုင်တယ်။ အသင်းဖော်တွေ ပြေးလွှားပြီး သူ့ဆီ ပေးနိုင်အောင် သူက ဖန်တီးပေးတတ်တယ်။ ဘောလုံး လာဖို့ ရှိနေရင် မာရှယ်နဲ့ ရက်ဖို့ဒ်တို့က အဲဒီလို မလှုပ်ရှားတတ်ဘူး။ သူကတော့ ဂိုး ရှေ့ တည့်တည့်နား ရောက်နေပြီ။ သူရဲ့ ဘောလုံးတောင်းနေတဲ့ ဟန် အသင့် တွေ့နေရမှာပါ။ ဒါက သူ ယူနိုက်တက် မှာ ယူဆောင်ပေးလာတဲ့ အသစ် ဖြစ်တယ်။ ” လို့ ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက် ပရိသတ် တစ်ဦး ဖြစ်တဲ့ အစ်ဟာလိုက သူ့ကို ဝေဖန်ကြသူတွေကို နှုတ်ပိတ်သွားအောင် အရည်အချင်းနဲ့ သက်သေပြခဲ့ပြီး ကလပ်အသင်းအပေါ် ချစ်ခြင်း ပေးဆပ်ခြင်းတွေအား အလုပ်နဲ့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အစ်ဟာလိုက ပရိသတ်တွေ နှလုံးအိမ်ကို စတင် ကိုင်လှှုပ်နေပြီ ဆိုရမှာပါ။

Zawgyi – ယူနိုက္တက္ ကစားသမားေဟာင္း ရီယို ဖာဒီနန္က အသင္း တိုက္စစ္မွဴး အစ္ဟာလိုနဲ႕ ပတ္သတ္ျပီး သူ သံုးသပ္ခဲ့ဖူးတာေတြ မွားယြင္းေၾကာင္း ၀န္ခံလိုက္ကာ နိုင္ဂ်ီးရီးယား လက္ေရြးစင္ တိုက္စစ္မွဴးဟာ ယူနိုက္တက္ အတြက္ မာရွယ္နဲ႕ ရက္ဖို႔ဒ္တို႔ မေပးနုိင္တဲ့ အရည္အခ်င္းေတြ ရွိေနေၾကာင္း ခ်ီးက်ဴး ေျပာဆိုလိုက္ပါတယ္။
၀က္ဖို႔ဒ္ တိုက္စစ္မွဴးေဟာင္းလည္း ျဖစ္တဲ့ အစ္ဟာလိုက ပရီးမီးယားလိဂ္မွာ အထိုင္ျပန္က်ဖို႕ အခ်ိန္မယူလိုက္ရဘဲ ယူနိုက္တက္ အတြက္ နွစ္ပြဲ ကစားျပီးခ်ိန္မွာ ၃ဂိုး သြင္းယူခဲ့ျပီ ျဖစ္ပါတယ္။ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ အစ္ဟာလိုကို ယူနုိက္တက္ ေခၚယူလိုုက္စဥ္က ေလွာင္ေျပာင္မႈေတြ ရွိခဲ့ျပီး ၄င္းကလည္း ဟာလန္းနဲ႔ ဂ်ိဳ႕ရွ္ကင္းတို႔ကို ဦးစားေပး ၾကဳိးစားခဲ့တဲ့ နည္းျပ ဆိုးရွားရဲ႕ ထိပ္သီး ပစ္မွတ္ မဟုတ္ခဲ့ပါဘူး။
ခုေတာ့ ဖာဒီနန္က အစ္ဟာလိုကို သေဘာက်ေနျပီ ျဖစ္ေၾကာင္း ၀န္ခံလိုက္ျပီး ယူနိုက္တက္ အျခားတိုက္စစ္မွဴးေတြ ျဖစ္တဲ့ မာရွယ္၊ ရက္ဖို႔ဒ္တို႔နဲ႕ မတူညီတဲ့ အရည္အခ်င္းမ်ိဳးနဲ႕ အသင္းကို အကူအညီ ျဖစ္ေစခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။
” က်ေနာ္ အပါအ၀င္ လူေတာ္ေတာ္မ်ားမ်ားက အစ္ဟာလို အသင္း ဘယ္ေနရာမွာမ်ား အံ၀င္လိမ့္မလဲ ေတြးခဲ့ၾကတယ္။ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ဖြင့္စမွာ ခ်က္ခ်င္း ကစားသမား တစ္ဦး စိတ္ၾကိဳက္ ေခၚခြင့္ရရင္ အစ္ဟာလိုက အေခၚခံရမယ့္သူ မဟုတ္ပါဘူး။ ဒါေပမယ့္ သူ ေရာက္လာရတဲ့ အေၾကာင္းအရင္း ရွိတယ္ဆိုတာ ျပသခဲ့ျပီ ျဖစ္တယ္။
ကြင္းလယ္ကေန သူ႔ဆီကို ေဘာလံုးေပးပို႔နုိင္ဖို႔ အာရံုစိုက္နုိင္ဖို႔ အစ္ဟာလိုက လႈပ္ရွားနုိင္တယ္။ အသင္းေဖာ္ေတြ ေျပးလႊားျပီး သူ႔ဆီ ေပးနုိင္ေအာင္ သူက ဖန္တီးေပးတတ္တယ္။ ေဘာလံုး လာဖို႔ ရွိေနရင္ မာရွယ္နဲ႕ ရက္ဖို႕ဒ္တို႔က အဲဒီလို မလႈပ္ရွားတတ္ဘူး။ သူကေတာ့ ဂိုး ေရွ႕ တည့္တည့္နား ေရာက္ေနျပီ။ သူရဲ႕ ေဘာလံုးေတာင္းေနတဲ့ ဟန္ အသင့္ ေတြ႔ေနရမွာပါ။ ဒါက သူ ယူနိုက္တက္ မွာ ယူေဆာင္ေပးလာတဲ့ အသစ္ ျဖစ္တယ္။ ” လို႔ ဖာဒီနန္က ခ်ီးက်ဴးခဲ့ပါတယ္။
ယူနိုက္တက္ ပရိသတ္ တစ္ဦး ျဖစ္တဲ့ အစ္ဟာလိုက သူ႔ကို ေ၀ဖန္ၾကသူေတြကို နႈတ္ပိတ္သြားေအာင္ အရည္အခ်င္းနဲ႕ သက္ေသျပခဲ့ျပီး ကလပ္အသင္းအေပၚ ခ်စ္ျခင္း ေပးဆပ္ျခင္းေတြအား အလုပ္နဲ႕ ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ အစ္ဟာလိုက ပရိသတ္ေတြ နွလံုးအိမ္ကို စတင္ ကိုင္လွႈပ္ေနျပီ ဆိုရမွာပါ။
