ကမ္ဘာ့အကောင်းဆုံး သရက်သီး (၁၀) မျိုးထဲ မြန်မာမျိုးရင်း စိန်တလုံးသရက်သီး ပါဝင်လာ
ကမ္ဘာပေါ်မှာ လူတိုင်းစွဲလန်းစွာ နှစ်သက်တဲ့အသီးဟာ သရက်သီးဖြစ်ကြောင်းနဲ့ သရက်သီးကို အသီးအားလုံးရဲ့ ဘုရင်လို့ Asia Sea Story က တင်စားခဲ့ကာ အကောင်းဆုံး မျိုးရင်းတွေကိုလည်း ပူးတွဲ ဖော်ပြလာခဲ့ပါသေးတယ်။
ကမ္ဘာတစ်ဝှမ်းမှာ ထူးခြားဆန်းပြားသော သရက်သီး အမျိုးပေါင်း တစ်ထောင်ကျော် ရှိပြီး တစ်မျိုးစီဟာ ကွဲပြားတဲ့ အရသာ၊ အရောင်နှင့် အသွင်အပြင်ရှိထားပြီး ကမ္ဘာ့ချိုဆုံး သရက်သီးမျိုးကွဲ ဆယ်မျိုးစာရင်းကို ထုတ်ပြန်လာပါတယ်။
ကမ္ဘာ့အကောင်းဆုံး အချိုမြိန်ဆုံး သရက်သီးဆယ်မျိုးမှာ မြန်မာနိုင်ငံမျိုးရင်းဖြစ်တဲ့ စိန်တလုံးသရက်သီး ပါဝင်ကြောင်း Asia Sea Story ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
မြန်မာပြည်ထွက် စိန်တလုံးသရက်သီးဟာ အချိုမြိန်ဆုံး သရက်သီးတွေထဲမှာ အဆင့်ခြောက်နေရာက ရပ်တည် နေခြင်းဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံး သရက်သီးအဖြစ် ဂင်းနစ်စံချိန်တင်ထားတဲ့ သရက်သီးမျိုးကတော့ ဖီလစ်ပိုင်နိုင်ငံက ကာရာဘောင် သရက်သီးပဲဖြစ်ပါတယ်။
