မန်စီးတီးကို အနိုင်ယူဖို့ ယူနိုက်တက်ကို ဥပမာယူဖို့ တိုက်တွန်းလိုက်တဲ့ တော်ဝင်အသင်းသားဟောင်းကြီး

ရီးရဲလ်မက်ဒရစ်အနေနဲ့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လိုတယ်ဆိုရင် မနှစ်က ယူနိုက်တက်တို့ ပီအက်ဂျီကို အဝေးကွင်းမှာ သွားရောက် အနိုင်ယူခဲ့တာကို သင်ယူနိုင်ဖို့ လိုပါတယ်လို့ Mijatovic က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပထမအကျော့မှာတုန်းက မန်စီးတီးကို အိမ်ကွင်းမှာ ၁-၂ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး လာမယ့်အပတ် ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲမှာ အနည်းဆုံး ၂ ဂိုးသွင်းရမှာဖြစ်သလို ပြိုင်ဘက်ကို ဂိုးမပေးရဖို့လည်း လိုအပ်နေတာပါ။ ရီးရဲလ် ကစားသမားဟောင်း Mijatovic ကတော့ အသင်းက ဆုံးရံှူးစရာလည်း မရှိတော့တာဖြစ်လို့ ဒါကို လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

Mijatovic က ” ချန်ပီယံလိဂ်မှာ အဝေးကွင်း နိုင်ပွဲရဖို့ဆိုတာက မလွယ်ကူပါဘူး။ အထူးသဖြင့် မန်စီးတီးလို အသင်းကို အနိုင်ယူဖို့ဆိုတာက ပိုပြီး ခက်ခဲပါတယ်။ ဒါပေမယ့် မနှစ်တုန်းက ဘောလုံးရာသီမှာ ယူနိုက်တက်က ပီအက်ဂျီကို အဝေးကွင်းမှာ အနိုင်ယူပြခဲ့တယ်။ ဒီတော့ ရီးရဲလ်မက်ဒရစ်ကလည်း ဘာလို့ မဖြစ်နိုင်ရမှာလဲ။

ချန်ပီယံလိဂ်မှာ ကျနေ်ာတို့ဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးတွေ ရှိနေဆဲပါ။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ကို အရံှူးပေးလိုက်ပြီ ဆိုတဲ့ နောက်ဆုံးစကားကိုလည်း ပြောထားတာ မရှိပါဘူး။ ကျနေ်ာတို့က အနည်းဆုံး သွင်းဂိုး နှစ်ဂိုး သွင်းယူရမှာဖြစ်ပြီး ဒါကပဲ ဒုတိယအကျော့အတွက် အဓိက ဦးတည်ချက်ဖြစ်ပါတယ်။

မန်စီးတီးဘက်က ဂိုးသွင်းသွားရင်တော့ ဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကျနေ်ာတို့မှာက ဆုံးရံှူးစရာလည်း မရှိတော့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။ လက်တလောမှာ ရီးရဲလ်မက်ဒရစ်ဟာ မဟာပြိုင်ဘက် ဘာစီလိုနာကို အနိုင်ယူထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

ZAWGYI

ရီးရဲလ္မက္ဒရစ္အေနနဲ႔ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္လိုတယ္ဆိုရင္ မႏွစ္က ယူႏုိက္တက္တို႔ ပီအက္ဂ်ီကို အေဝးကြင္းမွာ သြားေရာက္ အႏုိင္ယူခဲ့တာကို သင္ယူႏုိင္ဖို႔ လိုပါတယ္လို႔ Mijatovic က ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ပထမအေက်ာ့မွာတုန္းက မန္စီးတီးကို အိမ္ကြင္းမွာ ၁-၂ နဲ႔ အေရးနိမ့္ခဲ့တာျဖစ္ျပီး လာမယ့္အပတ္ ယွဥ္ျပိဳင္ရမယ့္ အေဝးကြင္းပြဲမွာ အနည္းဆံုး ၂ ဂိုးသြင္းရမွာျဖစ္သလို ျပိဳင္ဘက္ကို ဂိုးမေပးရဖို႔လည္း လိုအပ္ေနတာပါ။ ရီးရဲလ္ ကစားသမားေဟာင္း Mijatovic ကေတာ့ အသင္းက ဆံုးရံွဴးစရာလည္း မရွိေတာ့တာျဖစ္လို႔ ဒါကို လုပ္ႏုိင္မယ္လုိ႔ ယံုၾကည္ေနပါတယ္။

Mijatovic က ” ခ်န္ပီယံလိဂ္မွာ အေဝးကြင္း ႏုိင္ပြဲရဖို႔ဆိုတာက မလြယ္ကူပါဘူး။ အထူးသျဖင့္ မန္စီးတီးလို အသင္းကို အႏုိင္ယူဖို႔ဆိုတာက ပိုျပီး ခက္ခဲပါတယ္။ ဒါေပမယ့္ မႏွစ္တုန္းက ေဘာလံုးရာသီမွာ ယူႏုိက္တက္က ပီအက္ဂ်ီကို အေဝးကြင္းမွာ အႏုိင္ယူျပခဲ့တယ္။ ဒီေတာ့ ရီးရဲလ္မက္ဒရစ္ကလည္း ဘာလို႔ မျဖစ္ႏုိင္ရမွာလဲ။

ခ်န္ပီယံလိဂ္မွာ က်ေန္ာတို႔ဟာ ေနာက္တစ္ဆင့္ကို တက္လွမ္းႏုိင္ဖို႔ အခြင့္အေရးေတြ ရွိေနဆဲပါ။ ရီးရဲလ္မက္ဒရစ္က ခ်န္ပီယံလိဂ္ကို အရံွဴးေပးလိုက္ျပီ ဆိုတဲ့ ေနာက္ဆံုးစကားကိုလည္း ေျပာထားတာ မရွိပါဘူး။ က်ေန္ာတို႔က အနည္းဆံုး သြင္းဂိုး ႏွစ္ဂိုး သြင္းယူရမွာျဖစ္ျပီး ဒါကပဲ ဒုတိယအေက်ာ့အတြက္ အဓိက ဦးတည္ခ်က္ျဖစ္ပါတယ္။

မန္စီးတီးဘက္က ဂိုးသြင္းသြားရင္ေတာ့ ဘာကိုမွ ေျပာင္းလဲႏုိင္မွာ မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔မွာက ဆံုးရံွဴးစရာလည္း မရွိေတာ့ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။ လက္တေလာမွာ ရီးရဲလ္မက္ဒရစ္ဟာ မဟာျပိဳင္ဘက္ ဘာစီလိုနာကို အႏုိင္ယူထားျပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတာ ျဖစ္ပါတယ္။