မန်စီးတီး ၃- ၄ ဆဲလ်တစ် ။ အမေရိကန် ရာသီကြို ခရီးစဉ် ပွဲဦးထွက် ခြေစမ်းပွဲမှာ မန်စီးတီးတို့ ရှုံးပွဲကြုံလိုက်ရခြင်း
						
						ဒီနေ့နံနက်က အမေရိကန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ မန်စီးတီးအသင်း က ဆဲလ်တစ်ကို ၄-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ်။
ပြင်းထန်တဲ့ရာသီဥတုကြောင့် ပွဲစတင်ဖို့နှောင့်နှေးလုနီးဖြစ်ခဲ့ပေမယ့် ပူနွေးစိုစွတ်တဲ့ရာသီဥတုထဲမှာပဲ ပွဲကို အချိန်မီစတင် နိုင်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ယခုပွဲစဉ်ရဲ့ ပွဲအစမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ကစားနိုင်ခဲ့ပေမယ့် တန်ပြန် တိုက်စစ်နဲ့ ကစားခဲ့တဲ့ ဆဲလ်တစ်က ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲအစ ၁၃ မိနစ်မှာ နီကိုးလက်စ်ဂါရစ်ကန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မန်စီးတီးကလည်း ချေပဂိုးပြန်ရဖို့ အချိန်အများကြီးမယူခဲ့ရဘဲ ပွဲကစားချိန် ၃၃ မိနစ်မှာ လူငယ်ကစားသမားလေး အော်စကာဘော့ဘ်က ပြန်လည် သွင်းယူခဲ့ပါတယ်။

၃ မိနစ်အကြာမှာတော့ ဆဲလ်တစ်က ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး အဖွင့်ဂိုးကိုသွင်းယူပေးခဲ့တဲ့ ကန်ကပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ထို့နောက် ပထမပိုင်းပြီးကာနီးမှာလည်း ဆဲလ်တစ်ကပဲ နောက်ထပ်ဦ းဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ဖူယူဟာရှီက သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းအတွင်းမှာ မန်စီးတီးက ၃-၁ နဲ့ဂိုးပြတ် ရှုံးနိမ့်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်စီးတီးအတွက် ချေပဂိုး ၂ ဂိုးကို ပါရုန်းနဲ့ အာလင်းဟာလန်းတို့က ပြန်လည်သွင်းယူပေးခဲ့ပေမယ့် ဆဲလ်တစ်ရဲ့လူစားဝင်တိုက်စစ်မှူး လူးဝစ်ပယ်မာရဲ့ အနိုင်သွင်းဂိုးကိုခွင့်ပြုခဲ့ရတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံတို့ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
