ယူနိုက်တက်က ဆုဖလားတွေကို စိန်ခေါ်နိုင်တော့မယ်လို့ ယုံကြည်နေတဲ့ စပိုက်ဒါလေး ဘစ်ဆာကာ
ယူနိုက်တက် ညာအစွန်လူ ဘစ်ဆာကာ အသင်းဟာ နွေတုန်းက သူရောက်လာစဉ်တုန်းကလို မဟုတ်တော့ပဲ ပိုမို တိုးတက်လာနေကာ ဆုဖလားတွေကို စိန်ခေါ်နိုင်တော့မယ်လို့ ယုံကြည်နေပါတယ်။
အင်္ဂလန်လူငယ်လေးဟာ နောက်ပိုင်းပွဲတွေမှာ တည်ငြိမ်လာတဲ့ ခံစစ်တန်းအတွက် အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူပါ။ ဘစ်ဆာကာဟာ ရာသီတစ်လျှောက်လုံး ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမားဖြစ်ပြီး သူရှိတဲ့ ညာခြမ်းဟာ ယူနိုက်တက်ရဲ့ ယုံကြည်စိတ်ချဖို့ အကောင်းဆုံးလည်း ဖြစ်လာခဲ့တယ်။
ဝမ်ဘစ်ဆာကာက ပြောရာမှာ “ ကျနော် အသင်းကို ရောက်စအချိန်ကထက် အသင်းက အခြေအနေ ပိုကောင်းလာနေပြီလို့ ထင်ပပါတယ်။ ဘောလုံးရာသီကို အကောင်းဆုံး မစတင်နိုင်ခဲ့ပဲ မျှော်လင့်ထားသလို အနေအထားတွေကို ပိုင်ဆိုင်ခဲ့ခြင်း မရှိပါဘူး။ အခုချိန်မှာတော့ ကျနေ်ာတို့က လမ်းကြောင်းမှန်ပေါ်ကို ရောက်လာနေခဲ့ပြီလို့ ထင်ပါတယ်။
အနာဂတ်နဲ့ ပက်သက်ပြီး ကျနေ်ာကတော့ စိတ်လှုပ်ရှားနေမိပါတယ်။ ကျနေ်ာတို့ လိုချင်တဲ့ ဦးတည်ချက်တွေကို ရောက်ဖို့လည်း နီးစပ်လာနေပြီလို့ ထင်ပါတယ်။ ကျနော်က ဆုဖလားတွေ ကိုင်မြောက်လိုတာကြောင့် ယူနိုက်တက်ကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ဆုဖလားတွေ အနိုင်ရနိုင်တယ်ဆိုတာ သိထားသလို ဒါမျိုး ဖြစ်လာတော့မယ်လို့ ထင်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နွေတုန်းက မက်ဂွဲရားနဲ့ ဘစ်ဆာကာတို့အပြင် ဇန်နဝါရီမှာ ဖာနန်ဒက်စ်တို့ကို ခေါ်ယူထားခြင်းရဲ့ အကျိုးတွေကို စတင်ကာ ရရှိနေပြီး ကလပ်အသင်းဟာ စွမ်းဆောင်ရည်ကော ရမှတ် ရယူနိုင်စွမ်းတွေမှာ အများကြီး တိုးတက်လာခဲ့တာဖြစ်တယ်။ ဒီအပတ်မှာတော့ မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဥရောပဝင်ခွင့်အတွက် အနိုင်ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ ညာအစြန္လူ ဘစ္ဆာကာ အသင္းဟာ ေႏြတုန္းက သူေရာက္လာစဥ္တုန္းကလို မဟုတ္ေတာ့ပဲ ပိုမို တိုးတက္လာေနကာ ဆုဖလားေတြကို စိိန္ေခၚႏုိင္ေတာ့မယ္လို႔ ယံုၾကည္ေနပါတယ္။
အဂၤလန္လူငယ္ေလးဟာ ေနာက္ပိုင္းပြဲေတြမွာ တည္ျငိမ္လာတဲ့ ခံစစ္တန္းအတြက္ အဓိက ကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပေနသူပါ။ ဘစ္ဆာကာဟာ ရာသီတစ္ေလွ်ာက္လံုး ေျခစြမ္း အတည္ျငိမ္ဆံုး ကစားသမားျဖစ္ျပီး သူရွိတဲ့ ညာျခမ္းဟာ ယူႏုိက္တက္ရဲ႕ ယံုၾကည္စိတ္ခ်ဖို႔ အေကာင္းဆံုးလည္း ျဖစ္လာခဲ့တယ္။
ဝမ္ဘစ္ဆာကာက ေျပာရာမွာ “ က်ေနာ္ အသင္းကို ေရာက္စအခ်ိန္ကထက္ အသင္းက အေျခအေန ပိုေကာင္းလာေနျပီလို႔ ထင္ပပါတယ္။ ေဘာလံုးရာသီကို အေကာင္းဆံုး မစတင္ႏုိင္ခဲ့ပဲ ေမွ်ာ္လင့္ထားသလို အေနအထားေတြကို ပိုင္ဆိုင္ခဲ့ျခင္း မရွိပါဘူး။ အခုခ်ိန္မွာေတာ့ က်ေန္ာတို႔က လမ္းေၾကာင္းမွန္ေပၚကို ေရာက္လာေနခဲ့ျပီလို႔ ထင္ပါတယ္။
အနာဂတ္နဲ႔ ပက္သက္ျပီး က်ေန္ာကေတာ့ စိတ္လႈပ္ရွားေနမိပါတယ္။ က်ေန္ာတုိ႔ လိုခ်င္တဲ့ ဦးတည္ခ်က္ေတြကို ေရာက္ဖို႔လည္း နီးစပ္လာေနျပီလို႔ ထင္ပါတယ္။ က်ေနာ္က ဆုဖလားေတြ ကိုင္ေျမာက္လိုတာေၾကာင့္ ယူႏုိက္တက္ကို ေျပာင္းလာခဲ့တာျဖစ္ပါတယ္။ ယူႏုိက္တက္မွာ ဆုဖလားေတြ အႏုိင္ရႏုိင္တယ္ဆိုတာ သိထားသလို ဒါမ်ိဳး ျဖစ္လာေတာ့မယ္လို႔ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ေႏြတုန္းက မက္ဂြဲရားနဲ႔ ဘစ္ဆာကာတို႔အျပင္ ဇန္နဝါရီမွာ ဖာနန္ဒက္စ္တို႔ကို ေခၚယူထားျခင္းရဲ႕ အက်ိဳးေတြကို စတင္ကာ ရရွိေနျပီး ကလပ္အသင္းဟာ စြမ္းေဆာင္ရည္ေကာ ရမွတ္ ရယူႏုိင္စြမ္းေတြမွာ အမ်ားၾကီး တိုးတက္လာခဲ့တာျဖစ္တယ္။ ဒီအပတ္မွာေတာ့ မန္ခ်က္စတာဒါဘီအျဖစ္ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဥေရာပဝင္ခြင့္အတြက္ အႏုိင္ကစားဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။