ယူနိုက်တက်ကို နည်းနာယူသင့်ကြောင်း၊ ဒါဘီပွဲကြို အခြေအနေ၊ ဒဏ်ရာနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
ဘရူနိုဖာနန်ဒက်စ်က အောင်နိုင်သူတစ်ဦးဖြစ်ပြီး သူက ၉၉% ကောင်းမွန်မှုဆိုတာကိုတောင် စိတ်ကျေနပ်မှု မရှိသလို ဘောလုံးတစ်ခုကိုပဲ နှစ်သက်တဲ့ ကစားသမားမျိုးလို့ မန်နေဂျာ ဆိုးရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မန်နေဂျာဆိုးရှားက ဒီရာသီမှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို အတူ တွဲကစားစေဖို့အတွက် နည်းလမ်းကို သူစဉ်းစားနေပါကြောင်း ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။
မန်ချက်စတာဒါဘီပွဲအမှီ ဂျိမ်းနဲ့ ဘစ်ဆာကာတို့ ပြန်ပါလာဖို့ သေချာနေပေမယ့် အသင်းခေါင်းဆောင် မက်ဂွဲရားရဲ့ အနေအထားကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ယူနိုက်တက် ညာအစွန်လူ ဘစ်ဆာကာ အသင်းဟာ နွေတုန်းက သူရောက်လာစဉ်တုန်းကလို မဟုတ်တော့ပဲ ပိုမို တိုးတက်လာနေကာ အနာဂတ်မှာ ဆုဖလားတွေကို စိန်ခေါ်နိုင်တော့မယ်လို့ ယုံကြည်နေပြီး ဒီအတွက်လည်း စိတ်လှုပ်ရှားနေပါတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။
ဖာဒီနန်က ဂရီလစ်က ယူနိုက်တက်ကို ပြောင်းလာဖို့ ယုံကြည်ချက်မရှိဘူးဆိုတဲ့ ပရိသတ်တစ်ဦးကို တွစ်တာကနေ တုန့်ပြန်လိုက်ပါတယ်။ ယူနိုက်တက်လို အသင်းက ဂရီလစ်ကို ဘာလို့များ မခေါ်နိုင်ရမှာလဲလို့ ဖာဒီနန်က ဆိုလိုက်တာပါ။
ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းကြီး Mijatovic က အသင်းဟောင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လိုတယ်ဆိုရင် မနှစ်က ယူနိုက်တက်တို့ ပီအက်ဂျီကို အဝေးကွင်းမှာ သွားရောက် အနိုင်ယူခဲ့တာကို သင်ယူနိုင်ဖို့ လိုပါတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်မန်နေဂျာဆိုးရှားက ဒီတစ်ပတ်မှာ တွေ့ဆုံမယ့် မန်ချက်စတာဒါဘီမှာ အသင်းက တိုက်စစ်ဖွင့်ကစားမယ့် သဘောမျိုးကို ထုတ်ဖော် ပြောဆိုလိုက်ပြီး ဒါဘီပွဲကို ၄-၃ နဲ့ အနိုင်ရတာမျိုးကို မြင်လိုကြောင်း ဆိုလိုက်ပါတယ်။
ZAWGYI
ဘရူႏိုဖာနန္ဒက္စ္က ေအာင္ႏုိင္သူတစ္ဦးျဖစ္ျပီး သူက ၉၉% ေကာင္းမြန္မႈဆိုတာကိုေတာင္ စိတ္ေက်နပ္မႈ မရွိသလို ေဘာလံုးတစ္ခုကိုပဲ ႏွစ္သက္တဲ့ ကစားသမားမ်ိဳးလို႔ မန္ေနဂ်ာ ဆိုးရွားက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
မန္ေနဂ်ာဆိုးရွားက ဒီရာသီမွာ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ကို အတူ တြဲကစားေစဖို႔အတြက္ နည္းလမ္းကို သူစဥ္းစားေနပါေၾကာင္း ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။
မန္ခ်က္စတာဒါဘီပြဲအမွီ ဂ်ိမ္းနဲ႔ ဘစ္ဆာကာတို႔ ျပန္ပါလာဖို႔ ေသခ်ာေနေပမယ့္ အသင္းေခါင္းေဆာင္ မက္ဂြဲရားရဲ႕ အေနအထားကေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။
ယူႏုိက္တက္ ညာအစြန္လူ ဘစ္ဆာကာ အသင္းဟာ ေႏြတုန္းက သူေရာက္လာစဥ္တုန္းကလို မဟုတ္ေတာ့ပဲ ပိုမို တိုးတက္လာေနကာ အနာဂတ္မွာ ဆုဖလားေတြကို စိိန္ေခၚႏုိင္ေတာ့မယ္လို႔ ယံုၾကည္ေနျပီး ဒီအတြက္လည္း စိတ္လႈပ္ရွားေနပါတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။
ဖာဒီနန္က ဂရီလစ္က ယူႏုိက္တက္ကို ေျပာင္းလာဖို႔ ယံုၾကည္ခ်က္မရွိဘူးဆိုတဲ့ ပရိသတ္တစ္ဦးကို တြစ္တာကေန တုန္႔ျပန္လိုက္ပါတယ္။ ယူႏုိက္တက္လို အသင္းက ဂရီလစ္ကို ဘာလို႔မ်ား မေခၚႏုိင္ရမွာလဲလို႔ ဖာဒီနန္က ဆိုလိုက္တာပါ။
ရီးရဲလ္မက္ဒရစ္ ကစားသမားေဟာင္းၾကီး Mijatovic က အသင္းေဟာင္းအေနနဲ႔ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္လိုတယ္ဆိုရင္ မႏွစ္က ယူႏုိက္တက္တို႔ ပီအက္ဂ်ီကို အေဝးကြင္းမွာ သြားေရာက္ အႏုိင္ယူခဲ့တာကို သင္ယူႏုိင္ဖို႔ လိုပါတယ္လို႔ ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။
ယူႏုိက္တက္မန္ေနဂ်ာဆိုးရွားက ဒီတစ္ပတ္မွာ ေတြ႔ဆံုမယ့္ မန္ခ်က္စတာဒါဘီမွာ အသင္းက တိုက္စစ္ဖြင့္ကစားမယ့္ သေဘာမ်ိဳးကို ထုတ္ေဖာ္ ေျပာဆိုလိုက္ျပီး ဒါဘီပြဲကို ၄-၃ နဲ႔ အႏုိင္ရတာမ်ိဳးကို ျမင္လိုေၾကာင္း ဆိုလိုက္ပါတယ္။