ဘယ်သူမှ မထင်ထားတဲ့ အသင်းက ရာသီသစ်မှာ မန်စီးတီးကို အဓိက စိန်ခေါ်မယ်လို့ လီဗာပူး ကစားသမားဟောင်း ခန့်မှန်း
						
						လီဗာပူး ကွင်းလယ်လူဟောင်း ဒီဒီဟာမန်းက နောက်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့် အသင်းနဲ့ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်မယ့် အသင်းတွေကို ခန့်မှန်းလာပါတယ်။
ပရီးမီးယားလိဂ်ကို ၄ ရာသီဆက် အောင်မြင်ထားတဲ့ မန်စီးတီးက ၅ ကြိမ်ဆက် အောင်မြင်တာမျိုး မဖြစ်ဘူး ပြောဖို့ရာ ခက်ခဲတယ်လို့ ဟာမန်းက ပြောပါတယ်။
မန်စီးတီးကို အဓိက ယှဉ်ပြိုင်မယ့် ကလပ်ကို ရွေးထုတ်ရာမှာ ဟာမန်းက သူ့ရဲ့ စိတ်ခံစားချက်ကို ဦးစားပေးပြီး မထင်မှတ်ထားတဲ့ ခန့်မှန်းချက်ကို လုပ်လာခဲ့ပါတယ်။
‘ မန်စီးတီးကို ဇယားထိပ်မှာ မမြင်ရဖို့က ခက်ခဲပါတယ်။ အာဆင်နယ် အခြေအနေကတော့ မသေချာပါဘူး သူတို့က အမြဲတမ်း အခွင့်အရေး လွဲနေတဲ့အသင်းပါ။
ကျနော်ကတော့ မန်စီးတီးနောက်က ဖိအားပေးနိုင်မယ့် အသင်းဟာ စိတ်ကြိုက် ကစားသမား ခေါ်ယူမှုတွေ လုပ်ထားနိုင်တဲ့ ယူနိုက်တက်ဖြစ်မယ် ထင်မိပါတယ်။ အဲ့တာပြီးရင် အာဆင်နယ် တတိယနဲ့ လီဗာပူးက စတုတ္ထပေါ့။
နောက်ရာသီ မန်ချက်စတာ ယူနိုက်တက်က အဆင်ပြေမယ် ခံစားမိနေတယ်။ ယူရိုမှာ မိုင်နူးက တောက်ပခဲ့ပြီး ယူနိုက်တက်အတွက် အရေးပါတဲ့ နေရာက ပါဝင်သွားပါလိမ့်မယ် ’ လို့ ဟာမန်းက ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
