မက်ဂွဲရား မပါခြင်း၊ စတာလင်ရဲ့ ကြွေးကြော်မှု၊ ဘရူနိုကို ငြင်းပယ်ခြင်းနဲ့ မန်စီးတီးပွဲကြို ယူနိုက်တက် နံနက်ခင်းသတင်းများ

ယူနိုက်တက်ကွင်းလယ်လူ မာတစ်ဟာ စာချုပ်သစ်မှာ လက်မှတ်ထိုးဖို့ သဘောတူညီလိုက်ပါပြီ။ မန်ချက်စတာဒါဘီပွဲကြိုမှာ ဆိုးရှားက ထုတ်ပြောတာဖြစ်ပြီး လာမယ့်ရာသီမှာလည်း ကလပ်မှာ ဆက်ရှိနေဖို့ ရာနှုန်းပြည့် သေချာတယ်လို့ သူကဆိုပါတယ်။

မန်စီးတီးအသင်း ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ ခေါင်းဆောင် တာဝန် ထမ်းဆောင် နိုင်မယ့် ခမ်းနားတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူး သွားပါတယ်။

မန်စီးတီး တောင်ပံသမား စတာလင် က ဒီည ပွဲမှာ ဂိုး ရအောင် သွင်းပြီး မန်ချက်စတာ ယူနိုက်တက် ဘက်ကို ဂိုး မသွင်း နိုင်သေးတဲ့ မှတ်တမ်း ကို ချေဖျက် ပစ်မယ် လို့ ပြောဆို သွားခဲ့ ပါတယ်။ စတာလင်ဟာ ၁၁ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံး နေသူ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ပွဲအတွက် ဘစ်ဆာကာကော မာရှယ်ပါ ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ ဒီပွဲအတွက် မက်ဂွဲရား ပါဝင်နိုင်မလားကတော့ အခုချိန်ထိ မသိရသေးပါဘူး။

ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား ဟောင်း ဖြစ်သူ လူးဝစ် နာနီက မန်စီးတီး နဲ့ ဘရူနို ရဲ့ သတင်း တွေ ထွက်ပေါ် ခဲ့စဉ် တုန်းက လက်ရွေးစင် အသင်းဖော် ဖြစ်သူကို မန်စီးတီးနဲ့ အခြား အသင်းတွေဆီ မပြောင်းပဲ ယူနိုက်တက်ကို ပြောင်းဖို့ တိုက်တွန် ခဲ့ဖူးကြောင်း ဖွင့်ဟလိုက်ပါတယ်။

မန်စီးတီး နည်းပြဂွာဒီယိုလာက ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ မန်စီးတီးအသင်းရဲ့ ပစ်မှတ် ကစားသမား တစ်ဦး မဟုတ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ချယ်ဆီးဟာ ရှက်ဖီးယူနိုက်တက်မှာ လက်စွမ်းပြနေတဲ့ ယူနိုက်တက် အရံဂိုးသမား ဟန်ဒါဆန်ရဲ့ လက်စွမ်းကို သဘောကျတာကြောင့် ကစားသမားကို စောင့်ကြည့်နေပြီး အခွင့်အရေး ရလာပါက တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိနေပါတယ်။

မန်စီးတီးပွဲကို လိုဝီဟိုတယ်ကို ရောက်လာကြတဲ့ အသင်းသားများစာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။

De Gea, Romero, Bishop, Wan-Bissaka, Dalot, Lindelof, Tuanzebe, Bailly, Shaw, Williams, Matic, Fred, McTominay, Pereira, Mata, Fernandes, Ighalo, Martial, Greenwood

ZAWGYI

ယူႏိုက္တက္ကြင္းလယ္လူ မာတစ္ဟာ စာခ်ဳပ္သစ္မွာ လက္မွတ္ထိုးဖို႔ သေဘာတူညီလိုက္ပါျပီ။ မန္ခ်က္စတာဒါဘီပြဲၾကိဳမွာ ဆိုးရွားက ထုတ္ေျပာတာျဖစ္ျပီး လာမယ့္ရာသီမွာလည္း ကလပ္မွာ ဆက္ရွိေနဖို႔ ရာႏႈန္းျပည့္ ေသခ်ာတယ္လို႔ သူကဆိုပါတယ္။

မန္စီးတီးအသင္း ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားက ယူႏိုက္တက္ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္မွာ ေခါင္းေဆာင္ တာဝန္ ထမ္းေဆာင္ ႏိုင္မယ့္ ခမ္းနားတဲ့ ကစားသမား တစ္ဦး ျဖစ္ေၾကာင္း ထုတ္ေဖာ္ ခ်ီးက်ဴး သြားပါတယ္။

မန္စီးတီး ေတာင္ပံသမား စတာလင္ က ဒီည ပြဲမွာ ဂိုး ရေအာင္ သြင္းၿပီး မန္ခ်က္စတာ ယူႏိုက္တက္ ဘက္ကို ဂိုး မသြင္း ႏိုင္ေသးတဲ့ မွတ္တမ္း ကို ေခ်ဖ်က္ ပစ္မယ္ လို႔ ေျပာဆို သြားခဲ့ ပါတယ္။ စတာလင္ဟာ ၁၁ ပြဲ ဆက္တိုက္ ဂိုးေပါက္ ေပ်ာက္ဆုံး ေနသူ ျဖစ္ပါတယ္။

မန္စီးတီးနဲ႔ပြဲအတြက္ ဘစ္ဆာကာေကာ မာရွယ္ပါ ပါဝင္ကစားႏုိင္မွာျဖစ္ပါတယ္။ ဒီပြဲအတြက္ မက္ဂြဲရား ပါဝင္ႏုိင္မလားကေတာ့ အခုခ်ိန္ထိ မသိရေသးပါဘူး။

ယူႏိုက္တက္ ေတာင္ပံ တိုက္စစ္ ကစားသမား ေဟာင္း ျဖစ္သူ လူးဝစ္ နာနီက မန္စီးတီး နဲ႔ ဘ႐ူႏို ရဲ႕ သတင္း ေတြ ထြက္ေပၚ ခဲ့စဥ္ တုန္းက လက္ေ႐ြးစင္ အသင္းေဖာ္ ျဖစ္သူကို မန္စီးတီးနဲ႔ အျခား အသင္းေတြဆီ မေျပာင္းပဲ ယူႏိုက္တက္ကို ေျပာင္းဖို႔ တိုက္တြန္ ခဲ့ဖူးေၾကာင္း ဖြင့္ဟလိုက္ပါတယ္။

မန္စီးတီး နည္းျပဂြာဒီယိုလာက ယူႏိုက္တက္ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ မန္စီးတီးအသင္းရဲ႕ ပစ္မွတ္ ကစားသမား တစ္ဦး မဟုတ္ခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ခ်ယ္ဆီးဟာ ရွက္ဖီးယူႏိုက္တက္မွာ လက္စြမ္းျပေနတဲ့ ယူႏိုက္တက္ အရံဂိုးသမား ဟန္ဒါဆန္ရဲ႕ လက္စြမ္းကို သေဘာက်တာေၾကာင့္ ကစားသမားကို ေစာင့္ၾကည့္ေနၿပီး အခြင့္အေရး ရလာပါက တရားဝင္ ကမ္းလွမ္းမႈေတြ ျပဳလုပ္လာဖြယ္ ရွိေနပါတယ္။

မန္စီးတီးပြဲကို လိုဝီဟိုတယ္ကို ေရာက္လာၾကတဲ့ အသင္းသားမ်ားစာရင္းက ေအာက္ပါအတိုင္းျဖစ္ပါတယ္။

De Gea, Romero, Bishop, Wan-Bissaka, Dalot, Lindelof, Tuanzebe, Bailly, Shaw, Williams, Matic, Fred, McTominay, Pereira, Mata, Fernandes, Ighalo, Martial, Greenwood